ရုံးထုတ်

April 20, 2019

နာဂလက်နက်ကိုင်တပ်ဖွဲ့ဝင် ၅ ဦးကို ဒုတိယအကြိမ် ရုံးထုတ်

စစ်ကိုင်းတိုင်း ခန္တီးမြို့နယ်တရာရုံးမှာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ၁၇(၁)နဲ့ အမှုဖွင့်ခံထားရတဲ့ NSCN-K နာဂလက်နက်ကိုင်တပ်ဖွဲ့ဝင် ၅ ဦးကို ဧပြီ ၁၉ ရက်က ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပြီး တရားလိုသက်သေ ဗိုလ်မှူးဇာနည်အောင်ကို စစ်ဆေးမေးမြန်းခဲ့ပါတယ်။ ထောင်ထဲမှာတော့ နှစ်ယောက်တခန်း နေရပြီး အေးအေးဆေးဆေးနေရတယ်လို့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) ဒုဗိုလ်မှူးကြီး အောင်ဆိုင်းက ပြောပါတယ်။ မတ် ၉ ရက်ကတည်းက ခန္တီးအခြေစိုက် ခလရ (၅၂) တပ် နယ်ရိပ်သာမှာ NSCN-K ထိပ်ပိုင်းခေါင်းဆောင် ၅ ဦးဖြစ်တဲ့ ဦးအန်ကန့်၊ ဦးကျော်ဝမ်းစိန်၊ ဦးအန်းမိုင်၊ ဦးစောထင်၊ ဦးအောင်ဆိုင်းတို့ကို ခေါ်ဆောင်ထိန်းသိမ်းထားပါ။ အဲ့ဒီ ၅ ဦးကို မတရားအသင်းဆက်သွယ်မှုပုဒ်မနဲ့ ခန္တီးရဲစခန်းမှာ မတ် ၂၆ ရက်နေ့ အမှုဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒီကနေ့ ရုံးချိန်းမှာ သက်သေ မဆုံတဲ့အတွက် ဧပြီလ ၂၉ ရက်နေ့ ချိန်းဆိုခဲ့ပါတယ်။ အဖမ်းဆီးခံထားရသူတွေကတော့ အစိုးရအနေနဲ့ ပြန်လည်လွှတ်ပေးဖို့ မျှော်လင့်တယ်လို့ တရားရုံးထုတ်ချိန် ဒီဗွီဘီကို ပြောကြားခဲ့ပါတယ်။
3 years Ago

June 1, 2017

ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခံထားရသည့် အမျိုးသားရေးလှုပ်ရှားသူ ၄ ဦးကို ရုံးထုတ်

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိကြောင်း အမေရိကန်သံရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့တဲ့အတွက် တရားစွဲဆိုခံထားရတဲ့ အမျိုးသားရေးလှုပ်ရှားသူ ၄ ဦးကို ဒီနေ့ ကမာရွတ်မြို့နယ်တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ဧပြီလ ၂၈ ရက်က ဆန္ဒထုတ်ဖော်မှုအတွက် ငြိမ်းစုစီပုဒ်မ ၁၉ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)တို့နဲ့ တရားစွဲဆိုထားခဲ့တာဖြစ်ပြီး ဖမ်းဆီးခံထားရသူ ကိုဝင်းကိုကိုလတ်၊ ကိုသက်မျိုးဦး၊ ကိုနောင်တော်လေးနဲ့ ကိုနိုင်ဝင်းအောင် တို့ အမှုအတွက် အာမခံလျှောက်ထားမှုကို တရားရုံးက ပယ်ချထားပါတယ်။ တရားဆွဲခံထားရသူ ကိုဝင်းကိုကိုလတ်က “အစိုးရဟာ ဘာပဲလုပ်လုပ် အမျိုးသားရေး အမြင်နဲ့ပဲ လုပ်ပါ။ အစိုးရရဲ့ အမျိုးသားရေးဆောင်ရွက်ချက်တွေကို ထောက်ခံသွားမယ် အမျိုးသားရေးကို ထိပါးလာရင်တော့ ကန့်ကွက်သွားတယ်။ အဲဒီအတွက် ထောင်ထဲထည့်ထားလည်း ဂရုံစိုက်မှာ မဟုတ်ဘူး”လို့ ရုံးထုတ်မှာ ပြောဆိုခဲ့ပါတယ်။ အမေရိကန်သံရုံးရှေ့မှာ ဆန္ဒထုတ်ဖော်မှုကြောင့် တရားစွဲဆိုခံရရာမှာ ပါဝင်သူ ဆရာတော် ဦးပါမောက္ခနဲ့ အခြားသံဃာနှစ်ဦးကတော့ သံဃနာယကအဖွဲ့ရဲ့ ညွှန်ကြားစာပါမှသာ တရားရုံးကို လာရောက်ဖြေရှင်းမယ်လို့ ပြောဆိုထားပြီး ဒီနေ့မှာလည်း တရားရုံး မတက်ရောက်ခဲ့ပါဘူး။ ဒီနေ့ ရုံးထုတ်မှာ ကမာရွတ်တရားရုံးကို သံဃာတော်တချို့နဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ အင်အား ၂၀ နီးပါးက “ဘင်္ဂါလီ ရိုဟင်ဂျာဟု သုံးနှုန်းမှု ချက်ချင်းရပ်။ အမျိုးသားရေးသမားများအား ဖိနှိပ်ဖမ်းနေမှု ချက်ချင်းရပ်” စတဲ့ ကြွေးကြော်သံတွေနဲ့အတူ ဗီနိုင်းတွေ ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ သတင်း၊ ဓာတ်ပုံ - ပြည့်ဘုန်းအောင်
5 years Ago

လေယာဉ်မယ်လက်အားကိုက်ပြီး လေယာဉ်ပေါ်မှ ခုန်ချခဲ့သည့် ကရင်အမျိုးသားကို ရုံးထုတ်

အမေရိကန်လေကြောင်းလိုင်း လေယာဉ်တစီးပေါ်မှာ လေယာဉ်မယ်တဦးရဲ့ လက်ကို ကိုက်ပြီး လေယာဉ်ပေါ်ကနေ ခုန်ချဖို့ ကြိုးစားခဲ့တဲ့ ဒုက္ခသည်ကရင် အမျိုးသားတဦးဟာ ဖမ်းဆီးခံခဲ့ရပြီးနောက် မေလ ၂၉ ရက်နေမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ သူဟာ လေယာဉ်အမှုထမ်းတွေကို ၀တ္တရားနှောင့်ယှက်မှုနဲ့ ပြစ်ဒဏ်ချခံရမှာ ဖြစ်ပြီး တရားရုံးအနေနဲ့ သူ့ကိုဆက်လက်စစ်ဆေးမှုတွေလုပ်နိုင်ဖို့ ကရင်ဘာသာစကား တတ်ကျွမ်းတဲ့ ဘာသာပြန်ပေးသူ မရနိုင်သေးတဲ့အတွက် လက်ရှိမှာတော့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တရားရုံးမှတ်တမ်းတွေအရ သိရပါတယ်။ ဒီအဖြစ်အပျက်ဟာ မြောက်ကာရိုလိုင်းနားပြည်နယ်၊ ချားလော့တ် ဒေါက်ဂလပ်စ် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်းမှာ မေ ၂၃ ရက်က ဖြစ်ခဲ့တာလို့ နယူးယော့ခ်ပို့စ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ လေယာဉ်ဟာ လေဆိပ်ဂိတ်ကနေ စတင်ထွက်ခွာစမှာ ထွန်းလုံစိန်အမည်ရတဲ့ အဆိုပါအမျိုးသားဟာ ထိုင်ခုံကနေထပြီး လေယာဉ်ရဲ့ အဓိက တံခါးမကြီးကို ဖွင့်ဖို့ ကြိုး စားခဲ့တဲ့အတွက် လေယာဉ်မယ်နဲ့ တခြားခရီးသည် ၂ ဦးက သူ့ကို ထိုင်ခုံဆီ ပြန်ပို့နိုင်ဖို့ ထိန်းချုပ်ခဲ့ရတာပါ။ ဒါပေမယ့် သူဟာ လေယာဉ်မယ်ရဲ့ လက်ကို ကိုက်ပြီးနောက်မှာ အတင်းထွက်ပြေးခဲ့ကာ လေယာဉ်စားသောက်ခန်းတံခါးကို တွန်းဖွင့်ဝင်ရောက်ခဲ့ပြီးနောက် လေယာဉ်ပြေးလမ်း ကတ္တရာလမ်းမပေါ်ခုန်ချခဲ့တာပါ။ လေဆိပ်တာဝန်ကျဝန်ထမ်းတွေဟာ သူ့ရဲ့ နောက်ကို ပြေးလိုက်ခဲ့ကြရပြီး လေ ဆိပ်ဆောင်အတွင်း ပြန်လည်ခေါ်ဆောင်ခဲ့ရကာ ကာရိုလိုင်းနားဆေးကုဌာနဆီပို့ဆောင် စစ်ဆေးခဲ့ပြီးနောက်မှာတော့ သူ့ကို ဖမ်းဆီးခဲ့တာပါ။ တရားရုံးစစ်ဆေးချက်တွေအရ သူဟာ အင်္ဂလိပ်စကားကို လုံးဝမပြောတတ်တာ၊ အနည်းငယ်သာပြောနိုင်တာလို့ ဖော်ပြပေမယ့် ဒီအဖြစ်အပျက်ဖြစ်ပွားချိန်မှာတော့ သူ ဟာ လေယာဉ်မယ်ရဲ့ ညွှန်ကြားပြောဆိုတာတွေကို နားလည်ခဲ့လိမ့်မယ်လို့ ဖော်ပြပါ တယ်။ ထွန်းလုံစိန်ဟာ နယူးဂျာဆီပြည်နယ်၊ နီးဝပ်ထ်ကနေ အပြည်ပြည်ဆိုင်ရာ လေ ကြောင်းလိုင်းတခုမှတဆင့် ချားလော့တ်လေဆိပ်ဆီ ရောက်ရှိလာခဲ့တာလို့ ဆိုပါတယ်။
5 years Ago
More News
Up