ရုရှားသမ္မတ ပူတင် ၂၀၁၈

December 7, 2017

ရုရှားသမ္မတ ပူတင် ၂၀၁၈ ရွေးကောက်ပွဲ ဆက်လက်ယှဉ်ပြိုင်မည်

ရုရှားသမ္မတပူတင်ဟာ ၂၀၁၈ ခုနှစ် မတ်လမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ဒီဇင်ဘာ ၆ ရက်နေ့က ပြောပါတယ်။ လူထုသဘောထား စစ်တမ်းတွေအရလည်း သူဟာ သက်တောင့်သက်သာနဲ့ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရဖို့ ရှိနေတာပါ။ ပူတင် အခုလို သမ္မတရွေးကောက်ပွဲ ထပ်မံဝင်ရောက်လာတာဟာ ရုရှားနိုင်ငံရေးမှာ ပူတင်ရဲ့ လွှမ်းမိုးမှုကို တတိယဆယ်စုနှစ်အထိ ချဲ့ထွင်လိုက်တာလည်း ဖြစ်ပါတယ်။ “ကျနော် သမ္မတရွေးကောက်ပွဲဝင်ဖို့ ရှေ့ဆက်လုပ်ဆောင်သွားမယ်” လို့ ရုရှားသမ္မတ ပူတင်က ဗိုဂါမြို့က ကားစက်ရုံတခုမှာ အလုပ်သမားတွေကို ကြေညာသွားတာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up