ရိုးရာခြင်းလုံး

August 17, 2017

ဆီးဂိမ်း ရိုးရာခြင်းလုံးပြိုင်ပွဲတွင် ထိုင်းကို အနိုင်ယူပြီး မြန်မာအသင်း ပထမဆုံး ရွှေတံဆိပ်ရ

မလေးရှားဆီးဂိမ်းပြိုင်ပွဲရဲ့ ရိုးရာခြင်းလုံးပြိုင်ပွဲတွေကို သြဂုတ် ၁၆ ရက်က စတင်ယှဉ်ပြိုင်ခဲ့ရာ မြန်မာအသင်းက ထိုင်းအသင်းကို ၃၁၇ မှတ်၊ ၃၀၃ မှတ်နဲ့ အနိုင်ယူပြီး ရွှေတံဆိပ် စတင်ရရှိပါတယ်။ မြန်မာခြင်းလုံးအသင်းဟာ Event-2 ပြိုင်ပွဲ ပထမအဆင့်မှာ ထိုင်း၊ မလေးရှား၊ လာအိုအသင်းတို့နဲ့ စတင်ယှဉ်ပြိုင်ခဲ့ရာ ၃၀၁ မှတ်နဲ့ အမှတ်အများဆုံး ရခဲ့တာပါ။ ဗိုလ်လုပွဲမှာတော့ ပထမအဆင့် ယှဉ်ပြိုင်ရာမှာ အမှတ်အများဆုံးရခဲ့တဲ့ မြန်မာနဲ့ အဆင့် ၂ ရခဲ့တဲ့ ထိုင်းတို့ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ မြန်မာက ရွှေ၊ ထိုင်းက ဒုတိယ ငွေတံဆိပ်ရခဲ့ပြီး တတိယ ကြေးတံဆိပ်ဆုကိုတော့ မလေးရှားနဲ့ လာအိုတို့ ပူးတွဲရခဲ့ပါတယ်။ ရိုးရာခြင်းလုံးပြိုင်ပွဲရဲ့ Event-3 ပြိုင်ပွဲမှာတော့ မြန်မာအသင်း ပါဝင်ယှဉ်ပြိုင်ခြင်း မရှိခဲ့ဘဲ မလေးရှားအသင်းက ဖိလစ်ပိုင်ကို ၃၉၁ မှတ် - ၂၇၁ မှတ်နဲ့ အနိုင်ရပြီး ရွှေတံဆိပ်ရခဲ့ပါတယ်။ မလေးရှားဆီးဂိမ်းရဲ့ ခြင်းလုံးပြိုင်ပွဲမှာ အမျိုးသားပြိုင်ပွဲ ၄ မျိုး ပါဝင်ပြီး နောက်ထပ် ၂ မျိုးကို လာမယ့်သြဂုတ် ၁၇ ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။
4 years Ago
Up