ပြည်တွင်းရှိ ရိုးရာလက်ဝှေ့ကလပ်တွေက ကစားသမားတွေပါဝင် ယှဉ်ပြိုင် မယ့် ၂၀၁၇ ခုနှစ် ရိုးရာလက်ဝှေ့ ရွှေခါးပတ်ချန်ပီယံလုပွဲတွေကို ဇူလိုင် ၁၅ ရက်ကစပြီး သိမ်ဖြူလက်ဝှေ့ရုံမှာ ယှဉ်ပြိုင် ထိုးသတ်ကြမှာပါ။
ဒီပွဲမှာ ကီလိုတန်းအလိုက် ၀ိတ်တန်း ၇ တန်း ခွဲခြားထားပြီး အတန်းတစ် ခုချင်းစီအတွက် ရွှေခါးပတ်တစ် ခုစီချီးမြှင့်မှာပါ။
ကီလိုတန်းတစ်ခုချင်းစီမှာ ကစားသမား ၈ ယောက် ဒါမှမဟုတ် ၇ ယောက်ပါဝင်ပြီး တွဲဆိုင်းတွေကို မဲနိုက်ရွေးချယ်ပြီး ကွာတားဖိုင်နယ်ပွဲစဉ်ကနေ စတင်ထိုး သတ်ရမှာပါ။
ကွာတား ဖိုင်နယ်ပွဲစဉ်တွေကို ဇူလိုင် ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ ၂ ရက်ခွဲပြီး ယှဉ်ပြိုင် ထိုးသတ်ကြမှာပါ။
ဇူလိုင် ၁၆ ရက် ကွာတား ဖိုင်နယ်တွဲဆိုင်း ၁၁ ပွဲပါဝင်ပြီး အထူးပွဲစဉ်အဖြစ် မြန်မာလက်ဝှေ့ကျော် ဖျံသွေးနဲ့ ထိုင်းနိုင်ငံသား အိကျူစံတို့ရဲ့ တွဲဆိုင်းလည်း ပါဝင်ထိုးသတ်မှာ ဖြစ်ပါတယ်။
ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို လာမယ့် ဇူလိုင်၂၃ ရက်မှာ ဆက်လက်ကျင်းပမှာဖြစ်ပြီး ရွှေခါးပတ်ချန်ပီယံ ဗိုလ်လုပွဲစဉ်တွေကိုတော့လာမယ့် ဇူလိုင် ၃၀ ရက်မှာ ဆက်လက် ကျင်းပမှာပါ။
ပြည်တွင်း ရွှေခါးပတ်ချန်ပီယံလုပွဲတွေကို ၁၉၉၆ ခုနှစ်မှာ ပထမဆုံး အကြိမ် ကျင်းပခဲ့ပြီး ဒီနှစ်ပြိုင်ပွဲဟာ ၉ ကြိမ်မြောက် ချန်ပီယံရွှေခါးပတ်လုပွဲ ဖြစ်ပါတယ်။
6 years Ago