ရိုးရာကျားတို့အားပြိုင်ပွဲ

September 23, 2017

ရိုးရာကျားတို့အားပြိုင်ပွဲ လက်ဝှေ့စိန်ခေါ်ပွဲ မန္တလေးတွင် ကျင်းပမည်

ရိုးရာကျားတို့အားပြိုင်ပွဲလို့ အမည်ပေးထားတဲ့ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို လာမယ့် အောက်တိုဘာ ၈ ရက်မှာ မန္တလေးမြို့ မန္တလာသီရိ အားကစားရုံမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ ဒီပွဲမှာ တွဲဆိုင်း စုစုပေါင်း ၁၀ ပွဲ ပါဝင်ပြီး ပွဲစဉ်အားလုံးကို ၅ ချီ စိန်ခေါ်ပွဲတွေအဖြစ် ယှဉ်ပြိုင်ထိုးသတ်သွားမှာပါ။ အဓိကတွဲဆိုင်းအဖြစ် သွေးသစ်ဝင်းလှိုင်က စောဂေါ်မူတိုကို စိန်ခေါ်ထိုးသတ်မှာဖြစ်ပြီး စောဘဦးနဲ့ ဖိုးလပြည့်၊ မိုက်ရိုင်းနဲ့ ရန်နိုင်ထွန်း၊ ထွန်းလွင်မိုးနဲ့ စောမင်းမင်းတို့ရဲ့ တွဲဆိုင်းတွေလည်း ပါဝင်ထိုးသတ်မှာ ဖြစ်ပါတယ်။ ဒီပွဲဟာ ပြည်တွင်းက လက်ရည်တိုးတက်လာတဲ့ လက်ဝှေ့ကစားသမားတွေရဲ့ ပြိုင်ပွဲဖြစ်ပြီး နိုင်ငံခြားသားတွေ ပါဝင်မှာမဟုတ်ပေမယ့် ပရိသတ်အကြိုက်တွေ့မယ့် ပွဲကောင်းတွေ ဖြစ်လာမယ်လို့ အခုပွဲကိုစီစဉ်တဲ့ ဦးလေးကျားက ဆိုပါတယ်။ ဒီပွဲမှာ လက်မှတ်ဈေးနှုန်းတွေအဖြစ် ကျပ် ၅၀၀၀နဲ့ ၁၀၀၀၀ သတ်မှတ်ထားပြီး ညနေ ၆ နာရီမှာ စတင်ထိုးသတ်မယ်လို့ သိရပါတယ်။
4 years Ago
Up