အပြေးသမားပေါင်း ၈၀၀၀ ကျော် ပါဝင်တဲ့ ၂၀၁၇ ရိုးမ ရန်ကုန် အပြည်ပြည် ဆိုင်ရာ မာရသွန် ပြိုင်ပွဲကြီးကို ဒီကနေ့ မနက် ၄ နာရီက ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းကနေ တာထွက်ခဲ့ပါတယ်။
ဒီပြိုင်ပွဲမှာ မာရသွန် ၄၂ ကီလိုမီတာ၊ ၂၁ ကီလိုမီတာ၊ စိန်ခေါ် မာရသွန် ၁၀ ကီလိုမီတာ၊ ၃ ကီလိုမီတာ အပျော်တမ်း အပြေးလမ်းလျှောက် ပြိုင်ပွဲဆိုပြီး ခွဲခြား ထားပါတယ်။
ဝင်ရောက် ယှဉ်ပြိုင်တဲ့ အပြေးသမားတွေအနေနဲ့ ဗိုလ်တထောင်ဘုရား ရွှေတိဂုံဘုရားနဲ့ အင်းလျားကန် တို့ကိုဖြတ်သန်း သွားရတာဖြစ်ပါတယ်။
အပြေးသမား ပေါင်း ၈၀၀၀ ကျော်ထဲမှာ ပြည်တွင်း အပြေးသမား ၇၅၀၀ လောက်ပါဝင်ပြီး၊ နိုင်ငံတကာက အပြေးသမား ၅၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
6 years Ago