ရိုးမားအသင်းရဲ့ အီတလီ

May 29, 2017

ရိုးမားအသင်းရဲ့ အီတလီ ဂန္ထဝင် တိုက်စစ်မှူး တော့တီ အနားယူ

အီတလီ စီးရီးအေက ရိုးမားအသင်းရဲ့ အီတလီ ဂန္ထဝင် တိုက်စစ်မှူး တော့တီဟာ ဂျီနိုအာအသင်းကို ၃ ဂိုး၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ အနားယူသွားခဲ့ပါတယ်။ အသက် ၄၀ ရှိပြီဖြစ်တဲ့ တော်တီဟာ  ရိုးမားအသင်း တသင်းတည်းမှာပဲ ကစားခဲ့သူဖြစ်ပြီး ရိုးမားအသင်းအတွက် ပြိုင်ပွဲစုံ ၇၈၆ ပွဲ ကစားခဲ့ကာ  စီးရီးအေပွဲပေါင်း ၆၁၉ ပွဲကစားခဲ့သူလည်း ဖြစ်ပါတယ်။ အသင်းဖော် ဒီရော့စီကတော့ သူ့လို အသင်းတသင်းတည်းမှာ ၂၅ နှစ်ကြာ ကစားခဲ့တဲ့ ဘောလုံး ကစားသမားကို မမြင်ဖူးသေးဘူးလို့ ပြောပါတယ်။ တော့တီဟာ ရိုးမားအသင်းမှာ ၆၁၉ ပွဲကစားပြီး ဂိုးပေါင်း ၂၅၀ ထိ သွင်းယူပေးထားခဲ့ပါတယ်။ အီတလီ လက်ရွေးစင် အသင်းကြီးအတွက်လည်း ၅၈ ပွဲကစားပေးထားပြီး ၉ ဂိုးသွင်းယူထားခဲ့သူလည်း ဖြစ်ပါတယ်။ ရိုးမားအသင်းဟာ ယခုနှစ်ရာသီ စီးရီးအေမှာ အဆင့် ၂ နေရာရရှိခဲ့ပြီးတော့ ချန်ပီယံလိဂ်ကို တိုက်ရိုက်ဝင်ခွင့် ရရှိသွားပါတယ်။
4 years Ago
Up