ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ ကျင်းပမည်

January 16, 2018

ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံမှာ ပါဝင်ဆင်နွှဲသူဦးရေ အများဆုံး အပြေးပြိုင်ပွဲကြီးရဲ့ ဆဋ္ဌမအကြိမ်မြောက်အဖြစ် ၂၀၁၈ ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ (YYIM 2018) ကို ဇန်နဝါရီ ၂၁ ရက်နေ့ မနက် ၅ နာရီမှ ၁၀ နာရီခွဲအထိ သုဝဏ္ဏ မိုးလုံလေလုံ အမျိုးသားအားကစားကွင်းမှာ ပြုလုပ်မှာဖြစ်ပါတယ်။ အဲဒီ မာရသွန်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် အပြေးသမားပေါင်း ၉,၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ ၂၀၁၈ ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီးကို Yoma Strategic Holdings Ltd (Yoma Strategic) မှ ကြီးမှူးပြီး First Myanmar Investment Co., Ltd. (FMI) နဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) တို့က ပူးပေါင်းစီစဉ် ကျင်းပတာပါ။ ဒါ့အပြင် 100PLUS မှ ပထမဦးဆုံးအကြိမ်အဖြစ် Mandalay 100PLUS Active Run မာရသွန်အပြေးပြိုင်ပွဲကိုလည်း ဖေဖော်ဝါရီ ၁၀ ရက်၊ မန္တလေးမြို့မှာ ကျင်းပမှာဖြစ်ပါတယ်။ အဲဒီမာရသွန်ပြိုင်ပွဲကို လူဦးရေ ၁,၅၀၀ ခန့် ပါဝင်ယှဉ်ပြိုင်ကြမယ်လို့ ခန့်မှန်းထားပြီး ၁၀ ကီလိုမီတာနဲ့ ၃ ဒသမ ၅ ကီလိုမီတာ ပြိုင်ပွဲအမျိုးအစားနှစ်မျိုး ကျင်းပမှာဖြစ်ပါတယ်။
4 years Ago
Up