ရိုမေးနီးယားဝန်ကြီးချုပ်

A d v e r t i s e m e n t With Us

November 5, 2015

ဆန္ဒပြ တောင်းဆိုမှုကြောင့် ရိုမေးနီးယား ၀န်ကြီးချုပ် နုတ်ထွက်

ပြီးခဲ့တဲ့တပတ်က ရိုမေးနီးယားနိုင်ငံမြို့တော်မှာ လူ ၃၂ ဦး သေဆုံးတဲ့ နိုက်ကလပ် မီးလောင်မှုနဲ့ ပတ်သက်ပြီး ၀န်ကြီးချုပ် နုတ်ထွက်ပေးဖို့ မြို့ခံတွေက ဆန္ဒပြ တောင်းဆိုတဲ့အတွက် နိုဝင်ဘာ ၄ ရက်နေ့က ရာထူးက ဆင်းသွားပါတယ်။ ၀န်ကြီးချုပ် ဗစ်တာ ပွန်တာ (Victor Ponta) မနုတ်ထွက်ခင် နာရီပိုင်းမှာပဲ ဘူချာရပ် (Bucharest) မြို့တော်မှာ မြို့ခံ ၂ သောင်းကျော်က ၀န်ကြီးချုပ် အဂတိလိုက်စားမှု၊ နိုက်ကလပ်မီးလောင်မှုဟာ အစိုးရအာဏာပိုင်တွေ ခြစားမှု၊ တာဝန်လစ်ဟင်းမှုတွေကြောင့် ဖြစ်တယ်ဆိုပြီး ၀န်ကြီးချုပ်ကို နုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြတာပါ။ နိုက်ကလပ်အတွင်း မီးရှူးမီးပန်းတွေကနေ မီးကူးစက်လောင်ကျွမ်းတာဖြစ်ပြီး နိုက်ကလပ်လုံခြုံမှု အဆင့်အတန်း နိမ့်ကျမှုအပေါ် အာဏာပိုင်တွေကို လူထုက အပြစ်တင်ကြတာပါ။ ၀န်ကြီးချုပ် ဗစ်တာ ပွန်တာဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက အဂတိလိုက်စားမှု၊ အခွန်ရှောင်မှု၊ ငွေခ၀ါချမှုတွေနဲ့ ရုံးတင်ခံရပြီး အာဏာလက်ရှိနဲ့ ရုံးတင်ခံရတဲ့ ပထမဆုံးဝန်ကြီးချုပ် ဖြစ်လာတာပါ။ ၀န်ကြီးချုပ်ဟောင်းကတော့ သူ့အပေါ် စွဲချက်တွေဟာ သိက္ခာနဲ့မညီဘူးဆိုပြီး ငြင်းဆန်ထားပါတယ်။ ဗစ်တာ ပွန်တာကို နုတ်ထွက်ဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ဖူးပေမယ့် ၂၀၁၆ နှစ်ကုန် ပါလီမန်ရွေးကောက်ပွဲ ကျင်းပတဲ့ အချိန်အထိ အာဏာကို ဆက်ယူထားမယ်လို့ ပြောဆိုခဲ့ပါတယ်။
5 years Ago
Up