ရိုဟင်ဂျာဟု သုံးစွဲနေခြင်းက ရခိုင်အရေး ပိုမိုရှုတ်ထွေးစေ

October 12, 2017

ရိုဟင်ဂျာဟု သုံးစွဲနေခြင်းက ရခိုင်အရေး ပိုမိုရှုတ်ထွေးစေ

  ရိုဟင်ဂျာလို့ သုံးစွဲနေတာဟာ ရခိုင်အရေးကို ပိုမိုရှုတ်ထွေးစေတယ်လို့ ၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောဆိုလိုက်ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နိပွန်ဖောင်ဒေးရှင်းတို့ရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံကို ရောက်ရှိနေကြတဲ့ နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီဝင်တွေ သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ ၁၁ ရက်နေ့က တိုကျိုမြို့မှာ ပြုလုပ်ခဲ့စဉ် ဂျပန် မိုင်းနီချီ သတင်းစာကြီးရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားပြောဆိုခဲ့တာပါ။ ဦးကိုကိုကြီးဦးဆောင်တဲ့ နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီဝင် ၈ ဦးဟာ တိုကျိုမြို့ရှိ ဝန်ကြီးချုပ်ရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သယ်ယူပို့ဆောင်ရေးအပါအ၀င် ငွေကြေးစီမံခန့်ခွဲမှု ဆိုင်ရာနည်းပညာတွေ အပါအ၀င်လေ့လာမှုတွေကို အောက်တိုဘာ ၁၆ ရက်အထိ ဂျပန်နိုင်ငံမှာ ၇ ရက်ကြာ နေထိုင်လေ့လာကြမှာဖြစ်ပါတယ်။
4 years Ago
Up