ရိုဒရီဂွက်ဇ်

August 7, 2018

အေစီမီလန်နောက်ခံလူ ရိုဒရီဂွက်ဇ်ကို ခေါ်ယူရန် အာဆင်နယ် စဉ်းစားနေ

အာဆင်နယ်အသင်းဟာ ဘယ်နောက်ခံလူနေရာမှာ ဒဏ်ရာပြဿနာတွေ ရှိနေတာကြောင့် အေစီမီလန်နောက်ခံလူ ရိုဒရီဂွက်ဇ်ကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။ အာဆင်နယ်အသင်းမှာ ဘယ်နောက်ခံလူတွေဖြစ်တဲ့ မွန်ရီယယ်နဲ့ ကိုလာစီနက်တို့ ဒဏ်ရာအသီးသီး ရနေတာပါ။ လက်ရှိအချိန်မှာ လူငယ်ကစားသမား မေ့လန်နိုင်းစ်ကိုပဲ ဘယ်နောက်ခံလူ နေရာမှာ အသုံးပြုနေရတာ ဖြစ်ပါတယ်။ အေစီမီလန်အသင်းဟာ ရီကာဒိုရိုဒရီဂွက်ဇ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ လောက်ရမှ လက်လွှတ်ဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။ အာဆင်နယ်အသင်းမှာ ကိုလာစီနက်က ၂ လကျော် အနားယူရမှာဖြစ်ပြီး စပိန်နောက်ခံလူ မွန်ရီယယ်ကတော့ အခုတပတ်အတွင်းမှာ လေ့ကျင့်ခန်းပြန်ဆင်းဖို့ ရှိပေမယ့် ပွဲထွက်ကစားနိုင်ဖို့ အချိန်ယူရဦးမယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် မန်စီးတီးနဲ့ ကစားအပြီးမှာ ချဲလ်ဆီးနဲ့ ဆက်ကစားရမှာ ဖြစ်ပါတယ်။
3 years Ago

June 19, 2018

ကိုလံဘီယာကွင်းလယ်လူ ရိုဒရီဂွက်ဇ် ဂျပန်နှင့်ပွဲတွင် ပါဝင်ရန် မသေချာ

ကိုလံဘီယာ ကွင်းလယ်ကစားသမား ဂျိမ်းစ် ရိုဒရီဂွက်ဇ်ဟာ ဒီညနေ ဂျပန်အသင်းနဲ့ ကစားမယ့် အုပ်စုပွဲစဉ်မှာ ပါဝင်ဖို့ မသေချာတဲ့ အနေအထားမှာ ရှိနေပါတယ်။ အသက် ၂၆ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ကြွက်သားဒဏ်ရာရခဲ့လို့ ပြီးခဲ့တဲ့ သောကြာနေ့က လေ့ကျင့်ရေး အစီအစဉ်မှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် တနင်္လာနေ့က လေ့ကျင့်ရေး ဆင်းခဲ့ပေမယ့် ကြံ့ခိုင်မှုနဲ့ ပတ်သက်လို့တော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ရိုဒရီဂွက်ဇ်ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၆ ဂိုး သွင်းယူပြီး ဂိုးသွင်းအများဆုံးသူလည်း ဖြစ်ခဲ့ပါတယ်။ ကိုလံဘီယာအသင်းမှာ ရိုဒရီဂွက်ဇ် ပါဝင်ဖို့ မသေချာတဲ့သတင်းဟာ ဂျပန်နည်းပြ နီရှင်နိုအတွက်တော့ သတင်းကောင်း ဖြစ်သွားပါတယ်။
3 years Ago
Up