ကိုယ်ခံပညာပေါင်းစုံ အသုံးပြုပြီး တိုက်ခိုက်ရတဲ့ အမျိုးသမီး ဘင်တန်ဝိတ် ယူအက်ဖ်စီ ချန်ပီယံ ရွန်ဒါ ရိုဆန်က ပန်းသီးစားနိုင်ဖို့ ၆ လလောက် အချိန်ယူရမယ်လို့ ပြောပါတယ်။
နိုဝင်ဘာ ၁၄ ရက် သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမှာ လက်ရှိ ကမ္ဘာ့ချန်ပီယံ အသက် ၃၄ နှစ်အရွယ် ဟိုလီဟုန်းနဲ့ ထိုးသတ်ခဲ့ရာ ဒုတိယအချီမှာ ဟုမ်းရဲ့ ကန်ချက်မိပြီး ရိုဆန် ရှုံးနိမ့်သွားခဲ့တာပါ။
ဒီကန်ချက်ကြောင့် သွားတွေ ယိုင်နဲ့ကုန်သလို ပန်းသီးစားနိုင်ဖို့တောင် အချိန် ၃ လကနေ ၆ လလောက် ယူရမယ်လို့ အသက် ၂၆ နှစ်ရှိ ရိုဆန်က ပြောပါတယ်။
ယူအက်ဖ်စီပြိုင်ပွဲမှာ ရိုဆန်က ဟုမ်းကို ရှုံးနိမ့်သွားတာဟာ အားလုံးကို အံ့အားသင့်စေခဲ့သလို ရိုဆန်ပြန်ကောင်းလာရင် ပြန်လည်ထိုးသတ်ဖို့ သူတို့ ၂ ဦးကလည်း သဘောတူညီထားပါတယ်။
ဒီပွဲရှုံးနိမ့်သွားတဲ့အတွက် ရိုဆန်ရဲ့ ၁၂ ပွဲမြောက် ရှုံးပွဲမရှိ စံချိန်လည်း ရပ်တန့်သွားပါတယ်။
7 years Ago