အစ္စရေးနိုင်ငံမှ မော်ဒယ်အမျိုးသမီးတဦးဟာ ဓာတ်ပုံရိုက်ကွင်းတခုပေါ်မှာ မြွေတကောင်နဲ့အတူ ဓာတ်ပုံရိုက်ကူးချိန် ရင်သားကို မြွေကိုက်ခံခဲ့ရတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော အင်တာနက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေပါတယ်။
အော်ရစ်တ်ဖောက်စ်အမည်ရတဲ့ အဆိုပါမော်ဒယ်အမျိုးသမီးဟာ မြွေကြီးကို ခြေထောက်မှာရစ်ပတ်ကာ သရုပ်ပြဓာတ်ပုံရိုက်ကူးခဲ့ချိန်မှာ ခုလိုဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ စက်တင်ဘာ ၃၀ ရက်နေ့က ဖော်ပြပါတယ်။
မြွေကြီးဟာ သူမရဲ့မျက်နှာအနီး နှုတ်ခမ်းဆီ ချဉ်းကပ်လာခဲ့ချိန်မှာ သူမက ထိတွေ့နမ်းရှိုက်ဖို့ ကြိုးစားခဲ့တာကို တွေ့ရပါတယ်။
ဒါပေမယ့် အခြေအနေဟာ အဆိုးဝါးဆုံး ပြောင်းလဲသွားခဲ့ကာ မြွေကြီးဟာ ရုတ်တရက်ပဲ သူမရဲ့ ညာဘက်ရင်သားနေရာကို ကိုက်ခဲ့တာပါ။
သူမဟာ ကြောက်လန့်တကြား အော်ဟစ်ခဲ့ပြီး မြွေကြီးကိုဖယ်ထုတ်ပစ်လိုက်ဖို့ ကြိုးစားခဲ့ပေမယ့် ရုတ်တရက်မအောင်မြင်ခဲ့ဘဲ တခြားသူတွေရဲ့ အကူအညီနဲ့ ဖယ်ရှားခဲ့ရတာကို တွေ့ရပါတယ်။
စက္ကန့်အနည်းငယ်အကြာမှာတော့ မြွေကြီးကို ဖယ်ထုတ်နိုင်ခဲ့ပေမယ့် အဆိုပါ မော်ဒယ်အမျိုးသမီးရဲ့ ရင်သားမှာ တပ်ဆင်ထားတဲ့ ဆီလီကွန်ရင်သားတုကို ကိုက်မိခဲ့ရာမှ အဆိပ်မိပြီး မကြာခင်မှာပဲ မြွေကြီး သေဆုံးသွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
6 years Ago