ရုရှား MiG-29 တိုက်လေယာဉ်တစီး လေယာဉ်တင်သင်္ဘောပေါ်အဆင်းတွင် ပျက်ကျ

A d v e r t i s e m e n t With Us

November 15, 2016

ရုရှား MiG-29 တိုက်လေယာဉ်တစီး လေယာဉ်တင်သင်္ဘောပေါ်အဆင်းတွင် ပျက်ကျ

ရုရှားလေတပ်ရဲ့ MiG-29 တိုက်လေယာဉ်တစီးဟာ မြေထဲပင်လယ်ထဲက လေယာဉ်တင်စစ်သင်္ဘောပေါ်အဆင်းမှာ ပျက်ကျသွားတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၄ ရက်မှာ ပြောဆိုပါတယ်။ တိုက်လေယာဉ်မှူးကတော့ အထိအခိုက်မရှိဘဲ လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်လေယာဉ်ဆင်းသက်ဖို့ ကြိုးစားခဲ့တဲ့ ရုရှားလေယာဉ်တင် စစ်သင်္ဘောကြီးဟာ ဆီးရီးယားစစ်မှာ ထပ်ပြီးအားဖြည့်ဖို့ မကြာခင်ကပဲ မြေထဲပင်လယ်ထဲကို ၀င်ရောက်တပ်စွဲခဲ့တဲ့ စစ်သင်္ဘောကြီး ဖြစ်ပါတယ်။ အလက်ပိုမြို့ပေါ် ရုရှားလေကြောင်းထိုးစစ်တွေမှာ အရပ်သားသေဆုံးမှုရှိနေတဲ့အချိန် အခု နောက်ထပ် လေယာဉ်တင်စစ်သင်္ဘောတစင်း အားဖြည့်လိုက်တာကြောင့် လေကြောင်းထိုးစစ်တွေအတွင်း အရပ်သားသေဆုံးမှု ပိုပြီးများလာမှာကို စိုးရိမ်ပူပန်တယ်လို့ နေတိုးအဖွဲ့ကြီးက ထုတ်ဖော်ပြောဆိုပါတယ်။ တိုက်လေယာဉ်ဟာ လေ့ကျင့်ပျံသန်းရင်း အဆင်းမှာ စက်ချွတ်ယွင်းမှုကြောင့် ပျက်ကျသွားတာဖြစ်ပြီး ပုံမှန်လေကြောင်းစစ်ဆင်ရေးတွေ ရပ်ဆိုင်းမှုမရှိဘူးလို့လည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီ MiG-29 တိုက်လေယာဉ်တွေကို ၁၉၈၀ ခုနှစ်တွေကတည်းက ရုရှားလေတပ်မှာ စတင်အသုံးပြုခဲ့ပြီး ဒီပျက်ကျခဲ့တဲ့ တိုက်လေယာဉ်ဟာလည်း ပျံတက်သွားပြီး မကြာခင်မှာပဲ စက်ချွတ်ယွင်းမှုဖြစ်ပုံပေါ်တယ်လို့ အမေရိကန်သတင်းစာကြီးဖြစ်တဲ့ ၀ါရှင်တန်ပို့စ်သတင်းစာမှာ ဖော်ပြပါတယ်။
4 years Ago
Up