ရုရှား ဝေဖန်

March 31, 2018

RT TV ရုပ်သံလိုင်း ဖယ်ရှားမည့် အမေရိကန်ဆုံးဖြတ် ရုရှား ဝေဖန်

  ရုရှားရုပ်သံလိုင်း RT TV ရဲ့ ထုတ်လွှင့်မှုကို ဖယ်ရှားမယ့် အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ရုရှားအစိုးရက ဝေဖန်လိုက်ပါတယ်။ ရုရှားအစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့ RT ရုပ်သံလိုင်းဟာ ၀ါဒဖြန့်ရေး လက်ကိုင်တုတ်ဖြစ်ပြီး ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲကို ၀င်ရောက်စွက်ဖက်ရာမှာ ပါဝင်ခဲ့တယ်လို့ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီက စွပ်စွဲထားပြီး ရုရှားဘက်က စွဲချက်ကို မဟုတ်မှန်ဘူးလို့ ငြင်းပါတယ်။ အမေရိကန်တရားရေးဌာနက ပြီးခဲ့တဲ့နှစ်မှာ RT ကို ဘဏ္ဍာရေး အချက်အလက်ဖော်ပြဖို့ လိုအပ်တဲ့ နိုင်ငံခြား ရုပ်သံလိုင်းတခုအနေနဲ့ မှတ်ပုံတင်စေခဲ့တာပါ။ နိုင်ငံခြား ရုပ်သံလိုင်းဖြစ်တာကြောင့် ၀ါရှင်တန်မှာ ထုတ်လွှင့်ခွင့် ဖယ်ရှားခံရတယ်လို့ RT ရုပ်သံလိုင်း အယ်ဒီတာချုပ် မာဂရီတာ ဆင်မွန်ယန်က မတ် ၂၉ ရက်နေ့မှာပြောပါတယ်။ “RT ရုပ်သံလိုင်းအတွက် ထုတ်လွှင့်ရေး အေဂျင်စီက ၀န်ဆောင်မှုမပေးနိုင်တော့ဘူးလိွုှ့ ပြောပါတယ်။ ရှေ့နေတွေက ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းနေပါတယ်။ ကြည့်ရတာ အခြေအမြစ်မရှိတဲ့ ဆုံးဖြတ်ချက်တခုကြောင့် ဖြစ်နိုင်ချေရှိတယ်” လို့ ရုရှားအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်ကော့ဗ်က ပြောပါတယ်။ အမေရိကန်မှာ ရုရှားမီဒီယာ အခြေအနေအတွက် ရုရုားအစိုးရက စိုးရိမ်ပူပန်နေတယ်လို့လည်း ပက်ကော့ဗ်က ဆက်ပြောခဲ့ပါတယ်။
3 years Ago
Up