ရုရှား နာမည်ကျော်

February 18, 2017

ရုရှား နာမည်ကျော် ပီတာဟော့ဖ်ပန်းခြံထဲ ဘဲထောင်ချီ လာရောက်ခိုနား (ရုပ်သံ)

ရုရှားနိုင်ငံ စိန့်ပီတာ စဘတ်မြို့က နာမည်ကျော် ပီတာဟော့ဖ် ပန်းခြံထဲမှာ ထောင်နဲ့ချီတဲ့ ဘဲတွေ လာရောက် ခိုနား နေပါတယ်။ ပိုနွေးတဲ့ ဒေသတွေဆီ ရွှေ့ပြောင်းပျံသန်းရမယ့် အစား ခုလို လာခိုနေတာပါ။ တော်ဝင် နန်းတော်အနားက ရေကန်တွေနဲ့ တူးမြောင်းတွေမှာ ဘဲတွေ ပြည့်နေလို့ ဒေသခံတွေနဲ့ ကမ္ဘာလှည့် ခရီးသည်တွေ ဘဲကြည့်ရင်း အစာကျွေးရတာ ပျော်နေကြပါတယ်။ ဒီနှစ်မှာ မြို့အတွင်း ဆောင်းလာခိုတဲ့ ငှက်ကောင်ရေ ၇၅၀၀ လောက် ရှိတယ်လို့ ရုရှား သိပ္ပံ တက္ကသိုလ် သတ္တဗေဒဌာနက ပညာရှင် ဗလာဒီမီယာ ခရာဘရီက ပြောပါတယ်။ “စားစရာရှိတယ်၊ နေထိုင် မိတ်လိုက်စရာရှိတယ်၊ ရေက အရည်အသွေးကောင်းပြီး သန့်ရှင်းတယ်၊ သားရဲတိရစ္ဆာန် နည်းတယ်။” လို့ သူက ပြောပါတယ်။ ဘဲတွေအတွက် ဒီမှာနေဖို့ နောက်ထပ် အကြောင်းပြချက်က ဒေသတွင်းကန်တွေနဲ့ တူးမြောင်းတွေ ရေမခဲနိုင်အောင် အအေးချိန် ပျော့တဲ့ ဆောင်းရာသီ ဖြစ်ပါတယ်။
4 years Ago
Up