ရုရှား ကုန်တိုက်ထဲ ၀င်သောင်းကျန်းသည့် ၀က်ဝံကို ပစ်သတ် (ရုပ်သံ)

A d v e r t i s e m e n t With Us

October 15, 2015

ရုရှား ကုန်တိုက်ထဲ ၀င်သောင်းကျန်းသည့် ၀က်ဝံကို ပစ်သတ် (ရုပ်သံ)

ရုရှားနိုင်ငံအရှေ့ပိုင်း မြို့တမြို့မှာ ပိတ်ထားတဲ့ဈေးဝယ်ကုန်တိုက်ထဲ ၀င်ရောက်ခဲ့တဲ့ ၀က်ဝံတကောင်ကို ရဲတပ်ဖွဲ့ဝင်တဦးက ပစ်သတ်လိုက်တဲ့အတွက် မြို့ခံတွေနဲ့ တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေက ပြစ်တင်ကန့်ကွက်နေကြပါတယ်။ ၀က်ဝံဟာ အောက်တိုဘာ ၁၃ ရက်နေ့ညက ကုန်တိုက်ထဲဝင်ရောက်သွားခဲ့တာလို့ ဒေသခံတွေကပြောဆိုပါတယ်။ အပြင်ပြန်ထွက်လာပြီး ကလေးကစားကွင်းထဲမှာ ဒေသခံ ရဲလုံခြုံရေးတဦးက ပစ်သတ်လိုက်တာပါ။ ဒီပြစ်မှုကို စုံစမ်းဖို့ ဒေသခံအများအပြားက တောင်းဆိုလာကြတဲ့အတွက် အာဏာပိုင်တွေ စတင်စုံစမ်းနေတယ်လို့ပြောဆိုပါတယ်။ တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတဦးက အဲ့ဒီရဲတပ်ဖွဲ့ဝင်အနေနဲ့ အလွယ်လုပ်လိုက်တာဖြစ်ကြောင်း၊ ၀က်ဝံကို အပြင်ထွက်လာအောင် အထဲကနေ မီးခိုးမှိုင်းတိုက်လိုက်ပြီး အပြင်ထွက်လာတော့ ပစ်သတ်လိုက်တယ်လို့ ပြောဆိုပါတယ်။ အဲ့ဒီမြို့မှာ ဆောင်းမ၀င်ခင် ၀က်ဝံတွေဟာ အစာရှာဖွေနေကြတာ အတော်များများတွေ့မြင်ရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။ အခုနှစ်အတွင်း အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့ ၀က်ဝံအကောင် ၆၀ လောက် ပစ်သတ်ခံရပြီး လူ ၂ ဦး ၀က်ဝံတိုက်ခိုက်ခံရတာကြောင့် သေဆုံးတယ်လို့ ဒေသခံအစိုးရမီဒီယာက ပြောဆိုပါတယ်။
5 years Ago
Up