ရုရှားနိုင်ငံ

April 5, 2019

ရုရှားနိုင်ငံ၏ ခြိမ်းခြောက်မှုများကို နေတိုး အတွင်းရေးမှူးချုပ် သတိပေး

မြောက်အတ္တလန္တိတ်သဘောတူစာချုပ် (နေတိုး) အဖွဲ့ အတွင်းရေးမှူးချုပ် ယန်း စတော့တန်ဘတ်ဟာ ရုရှားရဲ့ ကြီးမားတဲ့ စစ်ရေးတည်ဆောက်မှုတွေ၊ နိုင်ငံတွေရဲ့ အချုပ်အခြာကို ခြိမ်းခြောက်တာတွေ၊ သေစေနိုင်တဲ့ အဆိပ်သုံးတာနဲ့ ဆိုက်ဘာတိုက်ခိုက်မှု အန္တရာယ်တွေကို သတိပေးခဲ့ပါတယ်။ ဧပြီ ၃ ရက်နေ့က အမေရိကန်လွှတ်တော်မှာ တက်ရောက် အမှာစကားပြောရင်း သတိပေးလိုက်တာပါ။ ဒါ့အပြင် ရုရှားအနေနဲ့ တာလတ်ပစ် နျူကလီးယားတပ်ဖွဲ့ သဘောတူချက် (INF) ရဲ့ စည်းမျဥ်းတွေကို လိုက်နာဖို့လည်း  စတော့တန်ဘတ်က တောင်းဆိုခဲ့ပါတယ်။ ရုရှားဘက်က စည်းမျဉ်းချိုးဖောက်တာတွေကြောင့် INF သဘောတူညီချက်ကနေ နုတ်ထွက်ဖို့ စီစဉ်နေတယ်လို့ အမေရိကန်က ၂၀၁၈ အောက်တိုဘာလမှာ ပြောထားပါတယ်။ နေတိုးအဖွဲ့အနေနဲ့ ဥရောပဒေသမှာ မြေပြင်အခြေစိုက် နျူကလီးယား ဒုံးကျည်တွေ ချထားဖို့ ရည်ရွယ်ချက်မရှိဘူး၊ ဒါပေမယ့် နေတိုးအဖွဲ့ဟာ အတားအဆီးတွေရန်ကနေ ကာကွယ်ဖို့ လိုအပ်တဲ့ လှုပ်ရှားမှုတွေကို အမြဲလုပ်လေ့ရှိတယ်လို့ စတော့တန်ဘတ်က ပြောပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမ္မတရာထူး စတင်ထမ်းဆောင်တဲ့ ၂၀၁၇ ကတည်းက စပြီး နေတိုးအဖွဲ့ကို မကြာခဏ ပြက်ရယ်ပြုလေ့ရှိပါတယ်။ ဒါပေမယ့် စတော့တန်ဘတ်ကတော့ နေတိုးအဖွဲ့ဟာ သမိုင်းမှာ အအောင်မြင်ဆုံး မဟာမိတ်အဖွဲ့လို့ ပြောခဲ့ပါတယ်။ နေတိုးအဖွဲ့ တည်ထောင်ခဲ့တဲ့ နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် စတော့တန်ဘတ်ကို အမှာစကားပြောဖို့ အမေရိကန်လွှတ်တော်က ဖိတ်ခဲ့တာပါ။ ဒါဟာ နေတိုးအဖွဲ့အနေနဲ့ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် ပါတီနှစ်ခုလုံးရဲ့ ထောက်ခံမှုကို ရထားတယ်ဆိုတာ ထရမ့်ကို သတင်းစကားပါးတာလို့ လေ့လာသူတွေက သုံးသပ်ခဲ့ကြပါတယ်။
2 years Ago

October 2, 2018

ရုရှားဂိုးသမား အကင်ဖိ နိုင်ငံအသင်းမှ အနားယူ

ရုရှားဂိုးသမား အကင်ဖိဟာ နိုင်ငံ့လက်ရွေးစင်အသင်းကနေ အနားယူကြောင်း ကြေငြာလိုက်ပါတယ်။ အသက် ၃၂ နှစ်ရှိ ဂိုးသမားအကင်ဖိအား အိမ်ရှင်အဖြစ်ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားမှာ အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ပြီး လက်စွမ်းပြခဲ့ပါတယ်။ စပိန်နဲ့ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲမှာ ပင်နယ်တီ ၁ လုံးကာကွယ်ပြီး အသင်းသမိုင်းတစ်လျှောက် ကွာတားဖိုင်နယ်ကို ပထမဆုံးအကြိမ် တက်ရောက်နိုင်အောင် ကူညီပေးခဲ့ပါတယ်။ ကမ္ဘာ့ဖလားမှာ ရုရှားအသင်းကို ဦးဆောင်ခွင့်ရတာဟာ ဂုဏ်ယူစရာဖြစ်ပြီး အိပ်မက်တောင်မမက်ဖူးခဲ့ဘဲ အမြဲတမ်းမှတ်ရနေမယ်လို့ အကင်ဖိက ဆိုပါတယ်။ ရုရှားအသင်းမှာ ကောင်းမွန်တဲ့ မျိုးဆက်သစ်ကစာသမားတွေ ရှိနေပြီး တချို့ ကစားသမားတွေကတော့ အသင်းကို ဦးဆောင်နိုင်တယ်ဆိုတာက ပြသခဲ့ကြပြီးဖြစ်တယ်လို့ အကင်ဖိက ဆိုပါတယ်။ အကင်ဖိဟာ ၂၀၀၄ ခုနှစ်ကတည်းက ရုရှားလက်ရွေး စင်အသင်းမှာ စတင်ရွေးချယ်ခံခဲ့ရ ပြီး စုစုပေါင်း ၁၁၂ ပွဲကစားခဲ့ပါတယ်။
3 years Ago
Up