ရုရှားဂြိုဟ်တု

May 8, 2015

ရုရှားဂြိုဟ်တု ကမ္ဘာမြေပေါ်ပြန်မကျမီ မီးလောင်ပျက်စီး

နိုင်ငံတကာ အာကာသစခန်းကို ရိက္ခာတင်ပို့လိုက်တဲ့ ဂြိုဟ်တုဟာ အာကာသစခန်းနဲ့ မချိတ်ဆက်မိပဲ ကမ္ဘာမြေပေါ် ပြန်ကျလာစဉ် လမ်းမှာတင် မီးလောင် ပျက်စီးသွားပြီလို့ ရုရှားအာကာသအေဂျင်စီက ဒီကနေ့ မေလ ၈ ရက်နေ့မှာ ပြောဆိုပါတယ်။ Progress လို့ အမည်ရတဲ့ ဂြိုဟ်တုရဲ့အပိုင်းအဆတွေပဲ ပစိဖိတ်သမုဒ္ဒအလယ်ပိုင်းကို ပြန်ကျလာလိမ့်မယ်လို့ မျှော်လင့်ရတယ်လို့လည်း ရုရှားအာကာသအေဂျင်စီက ဆိုပါတယ်။ russia-progress-59-cargo-ship-launch-2ဒီရိက္ခာသယ်ဂြိုဟ်တုကို ထောက်ပံ့ရေးပစ္စည်း ၃ တန်ကျော်နဲ့ ဧပြီလ ၂၈ ရက်နေ့က ကာဇတ်စတန်နိုင်ငံ ဂြိုဟ်တုလွှတ်တင်ရေးစခန်းကနေ တင်လွှတ်လိုက်တာပါ။ ဂြိုဟ်တု ပတ်လမ်းထဲ ရောက်ရှိခဲ့ပြီး ခဏအကြာမှ အဆက်အသွယ်ပြတ်သွားပြီး ရေဒါ အချက်အလက်တွေအရ ကမ္ဘာလေထုထဲ ပြန်ကျလာတာကို တွေ့မြင်ခဲ့ရတာပါ။ ကမ္ဘာမြေပြင်အထက် မိုင် ၂၅၀ အကွာမှာရှိတဲ့ နိုင်ငံတကာအာကာသစခန်းကို ရိက္ခာနဲ့ ထောက်ပံ့ပစ္စည်းတွေ ရောက်မသွားပေမယ့် အဲ့ဒီမှာရှိတဲ့ အာကာသယာဉ်မှူး ၆ ဦးကတော့ ၄ လစာရိက္ခာအလုံလောက်ရှိတယ်လို့ ဆိုပါတယ်။ ဒီဂြိုဟ်တုဟာ တာဝန်ပြီးဆုံးရင် လေထုထဲ မီးလောင်ပျက်စီးအောင် ဒီဇိုင်းထုတ်ထားတာပါ။ ဘာကြောင့် အစီအစဉ်အတိုင်း မဖြစ်ခဲ့လဲဆိုတာကိုစုံစမ်းဖို့ ရုရှားအာကာသအေဂျင်စီက အထူးစုံစမ်းရေးကော်မရှင်ဖွဲ့ထားပါတယ်။ ဒီဂြိုဟ်တုကြောင့် အမေရိကန်ဒေါ်လာ ၅၀.၇ သန်း ဆုံးရှုံးတယ်လို့ ရုရှားအာကာသအေဂျင်စီပြောခွင့်ရက ထုတ်ဖော် ပြောဆိုပါတယ်။
7 years Ago

May 7, 2015

ရုရှားဂြိုဟ်တု မေ ၈ ရက်နေ့ ကမ္ဘာမြေပေါ် ပြန်ကျမည်

နိုင်ငံတကာအာကာသစခန်းကို ရိက္ခာပို့လွှတ်လိုက်တဲ့ မောင်းသူမဲ့ ရုရှားဂြိုဟ်တုဟာ အာကာသစခန်းကို မရောက်ပဲ မေလ ၈ ရက်မှာ ကမ္ဘာမြေပေါ် ပြန်ကျလာတော့မှာဖြစ်ပါတယ်။ [caption id="attachment_92040" align="alignright" width="452"]progress-59-launch-begins ဓာတ်ပုံ - space.com[/caption] ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့က Kazakhstan နိုင်ငံ၊ ဒုံးပျံလွှတ်တင်ရေးစခန်းကနေ ရိက္ခာအစားအသောက်၊ လောင်စာနဲ့ တခြားထောက်ပံ့ရေးပစ္စည်းတွေကို ဒုံးပျံနဲ့ တင်လွှတ်လိုက်တာပါ။ ဂြိုဟ်တုပတ်လမ်းထဲရောက်ရှိပြီး ခဏအကြာမှာ အဆက်အသွယ်ပြတ်သွားခဲ့ပြီး ရေဒါ အချက်အလက်တွေအရ ကမ္ဘာမြေပေါ် ပြန်ကျလာတာကို တွေ့ရတာပါ။ မေလ ၈ ရက်နေ့ ဗြိတိန်စံတော်ချိန် မနက် ၉ နာရီမှာ ကမ္ဘာမြေပေါ် ကျရောက်မယ်လို့ အမေရိကန်လေတပ်က ဆိုပါတယ်။ ပြန်အကျမှာ ကမ္ဘာ့လေထုထဲ မီးလောင်ကျွမ်းသွားနိုင်ပြီး အပိုင်းအစတွေပဲ ပင်လယ်ထဲ ကျရောက်နိုင်ခြေများတယ်လို့လည်း ရုရှားအာကာသအေဂျင်စီက ဆိုပါတယ်။ ဘာကြောင့် နိုင်ငံတကာအာကာသစခန်းနဲ့ မချိတ်ဆက်မိပဲ ပြန်ကျလာလဲဆိုတာကို စုံစမ်းနေပြီး မေလ ၁၃ ရက်နေ့မှာ ရုရှားအာကာအေဂျင်စီက ကနဦးတွေ့ရှိချက်တွေ ထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။ ဒီရိက္ခာသယ်ဂြိုဟ်တု အာကာသစခန်းကို ရောက်မသွားပေမယ့် အာကာသယာဉ်မှူးတွေ အတွက် ၄ လစာရိက္ခာ အလုံအလောက်ရှိတယ်လို့ နာဆာက ပြောပါတယ်။ ၁၉၇၉ ခုနှစ်က အမေရိကန် Skylab အာကာသစခန်းအပါအ၀င် အာကာသယာဉ် အပိုင်းအစတွေ အရင်ကလည်း ကမ္ဘာမြေပေါ် အထိအခိုက်မရှိ ပြန်ကျခဲ့ဖူးပါတယ်။  
7 years Ago
Up