ရုရှားလေတပ်ကို ဆီးရီးယားသူပုန် အမြောက်များဖြင့် ပစ်ခတ် (ရုပ်သံ)

November 29, 2015

ရုရှားလေတပ်ကို ဆီးရီးယားသူပုန် အမြောက်များဖြင့် ပစ်ခတ် (ရုပ်သံ)

ရုရှားဗုံးကြဲလေယာဉ်တစင်း နိုဝင်ဘာ ၂၄ ရက်နေ့က တူရကီလေတပ်ရဲ့ ပစ်ချခံရပြီးနောက်ပိုင်း ဆီးရီးယားသူပုန်တွေကို ရုရှားနိုင်ငံက သဲကြီးမဲကြီး တိုက်ခိုက်လာတဲ့အတွက် ဆီးရီးယားသူပုန်တွေ ကလည်း Latakia ရုရှားလေတပ်အခြေစိုက်စခန်းကို အမြောက်တွေနဲ့ တုံ့ပြန်ပစ်ခတ်ခဲ့ကြပါတယ်။ ဆီးရီးယားသူပုန်အဖွဲ့တဖွဲ့ဖြစ်တဲ့ Ahrar al-Sham တပ်ဖွဲ့က အမြောက် အနည်းဆုံးတလက်နဲ့ ရုရှားစစ်အခြေစိုက်စခန်းကို လှမ်းပစ်ခဲ့ပါတယ်။ ရုရှားဗုံးကြဲလေယာဉ်ပစ်ချခံရအပြီး လေယာဉ်ပျက်ကျသွားတဲ့ ဆီးရီးယားသူပုန် ထိန်းချုပ်ဧရိယာတွေကို ပြီးခဲ့တဲ့ရက်တွေအတွင်း ရုရှားလေတပ်က အရှိန်မြှင့်ဗုံးကြဲခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။ သူပုန်တပ်ဖွဲ့ဝင်တဦးက ရုရှားလေတပ်ရဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုကို လက်တုံ့ပြန်ပြီး ၁၃၀ မမ အမြောက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကစပြီး ရုရှားလေတပ်ဟာ ဆီးရီးယားသမ္မတ အာဆက်ဘက်က၀င်ပြီး ဆီးရီးယားသူပုန်တွေကို တိုက်ခိုက်ပေးနေတာပါ။ ရုရှားနိုင်ငံဟာ အိုင်အက်စ်အကြမ်းဖက်တွေကို စစ်ဆင်တယ်ပြောပြီး အမေရိကန်နဲ့ အနောက်နိုင်ငံတွေက နောက်ခံတဲ့ ဆီးရီးယားသူပုန်တွေကိုပဲ တိုက်ခိုက်နေတယ်လို့ အမေရိကန်နိုင်ငံက စွပ်စွဲပြစ်တင်နေပါတယ်။
6 years Ago
Up