ရုရှားရေငုပ်သင်္ဘော

September 15, 2017

ရုရှားရေငုပ်သင်္ဘောမှ ခရုဇ်ဒုံးကျည် ပစ်လွှတ်နေပုံရုပ်သံ ဖြန့်ချိ


ရုရှားရေငုပ်သင်္ဘောမှ ခရုဇ်ဒုံးကျည် ပစ်လွှတ်နေပုံရ... ရုရှားရေငုပ်သင်္ဘောကနေ ခရုဇ်ဒုံးကျည်နဲ့ ပစ်လွှတ်ပုံကို ရိုက်ကူးထားတဲ့ ရုပ်သံကို ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၄ ရက်နေ့မှာ ဖြန့်ချိလိုက်ပါတယ်။ ရုရှားရေတပ်ဟာ ဆီးရီးယားနိုင်ငံ ဒီယာအယ်ဇောမြို့စွန်က အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွပစ်မှတ်တွေကို ချိန်ရွယ်ပြီး ခရုဇ်ဒုံးကျည် ၇ လုံး ပစ်လွှတ်တိုက်ခိုက်ခဲ့တယ်လို့ ဝန်ကြီးဌာနရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကနေ ဖြန့်ချိတဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ မြေထဲပင်လယ်အရှေ့ပိုင်းက ရေငုပ်သင်္ဘော ၂ စီးကနေ ၇၂၇ မိုင်အကွာက ပစ်မှတ်ကို ဒုံးကျည်နဲ့ ပစ်ခဲ့တာလို့လည်း ပြောပါတယ်။ ပစ်မှတ်တွေဟာ အိုင်အက်စ်တွေ ထိန်းချုပ်ထားတဲ့ ဒီယာအယ်ဇောခရိုင် အရှေ့တောင်ပိုင်းက လက်နက်တိုက်တွေ၊ ဆက်သွယ်ရေးဌာနတွေနဲ့ ကွပ်ကဲအမိန့်ပေးရာ ဌာနတွေ ဖြစ်တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
4 years Ago
Up