ရုရှားထောက်လှမ်းရေး

July 19, 2018

ဖမ်းထားသည့် အမျိုးသမီး ရုရှားထောက်လှမ်းရေးနှင့် အဆက်သွယ်ရှိဟု အမေရိကန်ပြော

အမေရိကန် အာဏာပိုင်တွေက ဖမ်းထားတဲ့ ရုရုားအမျိုးသမီးဟာ ရုရှားထောက်လှမ်းရေးတွေနဲ့ အဆက်အသွယ်ရှိသူ ဖြစ်တယ်လို့ အမေရိကန် အစိုးရရှေ့နေတွေက ပြောပါတယ်။ အဲဒီအမျိုးသမီးဟာ အမေရိကန်နိုင်ငံမှာ နေထိုင်စဉ် နှစ်တွေအတွင်း ရီပတ်ပလင်ကန်ပါတီရဲ့ နိုင်ငံရေးလောကထဲ ဝင်ဖို့ လိင်ပိုင်းဆိုင်ရာ အလဲအလှယ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အသက် ၂၉ နှစ်အရွယ် မာရီယာ ဘူချီနာ ဆိုသူ အဲဒီအမျိုးသမီးဟာ ဘွဲ့ရပြီး ကျောင်းသူတယောက်အနေနဲ့ အမေရိကန်မှာ နေထိုင်တယ်။ နိုင်ငံတော် ထောက်ပံ့မှုယူထားတဲ့ ရုရှားထောက်လှမ်းရေးတွေနဲ့ အဆက်အသွယ်ရှိသူလို့ စွပ်စွဲခံထားရပါတယ်။ ဘူချီနာဟာ ရုရှားကို ပြန်ပြေးနိုင်တာကြောင့် အမှုကြားနာချိန်တလျှောက်လုံး အာမခံမပေးဘဲ ထိန်းသိမ်းခံရမှာပါ။ အမေရိကန် ရိုင်ဖယ်သေနတ်အသင်းကနေတဆင့် ရီပတ်ပလင်ကန်ပါတီ နိုင်ငံရေးလောကထဲ ဝင်ရောက်ဖို့ ကြိုးစားတဲ့ ပြည်ပထောက်လှမ်းရေးတယောက်အဖြစ် သူ့ကို အစိုးရရှေ့နေတွေက တရားစွဲထားပါတယ်။ ဘူချီနာဟာ အပြစ်ထင်ရှားတယ် ဆိုရင် ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်ခြေ ရှိပါတယ်။
3 years Ago
Up