ရုရှားအလှမယ်

July 11, 2018

အင်္ဂလန်အသင်းကို လာရောက်အားပေးရန် ရုရှားအလှမယ်ဟောင်း ဖိတ်ခေါ်

အင်္ဂလန်ပရိသတ်တွေအနေနဲ့ သူတို့အသင်းကို လာရောက်အားပေးဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) သံအမတ်ဖြစ်တဲ့ ရုရှားအလှမယ်ဟောင်း ဗစ်တိုးရီးယား လိုပါရီဗာက ဖိတ်ခေါ်လိုက်ပါတယ်။ လတ်တလောမှာ ရုရှားနဲ့ ဗြိတိန်နိုင်ငံတို့ဟာ နိုင်ငံရေးအရ တင်းမာမှုတွေရှိနေပြီး ဆက်ဆံရေး အဆင်မပြေ ဖြစ်နေတာကြောင့် ရုရှားအထိ လိုက်ပါအားပေးတဲ့ အင်္ဂလန်အသင်း ပရိသတ် အရေအတွက်ဟာလည်း နည်းပါးနေပါတယ်။ ဒါကြောင့် ဖီဖာရဲ့ သံအမတ်ဖြစ်တဲ့ ရုရှားအလှမယ်ဟောင်းက ဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်။ ဘောလုံးအားကစားနဲ့ နိုင်ငံရေးကို ခွဲခြားဖို့လိုသလို အင်္ဂလန်ပရိသတ်တွေ အနေနဲ့ ရုရှားအထိ လာရောက်ပြီး သူတို့အသင်းကို အားပေးသင့်တယ်လို့ အသက် ၃၄ နှစ်အရွယ် ဖီဖာသံအမတ် ဗစ်တိုးရီးယား လိုပါရီဗာက ပြောပါတယ်။ ကိုယ့်နိုင်ငံအသင်းကို နိုင်ငံသားတိုင်း အားပေးတာဟာ ရိုးရှင်းတဲ့ တာဝန်တခုပါပဲလို့လည်း ဆိုထားပါတယ်။ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အင်္ဂလန်နဲ့ ခရိုအေးရှားတို့ ဇူလိုင် ၁၁ ရက်ည ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
3 years Ago
Up