ရုရှားသင်္ဘောသား ၆ ဦးကို တူရကီကမ်းခြေစောင့်တပ်ဖွဲ့ ကယ်တင်

November 22, 2017

ရုရှားသင်္ဘောသား ၆ ဦးကို တူရကီကမ်းခြေစောင့်တပ်ဖွဲ့ ကယ်တင်

မုန်တိုင်းမိပြီး ပင်လယ်ထဲမျောနေတဲ့ ရုရှားကုန်တင်သင်္ဘောက သင်္ဘောသား ၆ ဦးကို တူရကီကမ်းခြေစောင့်တပ်ဖွဲ့က နိုဝင်ဘာ ၂၁ ရက်မှာ ကယ်တင်ခဲ့ပါတယ်။ ရုရှားကုန်တင်သင်္ဘောဟာ တူရကီနိုင်ငံ မြောက်ပိုင်းက ဘာတင်မြို့ရဲ့ ကမ်းလွန် ပင်လယ်နက်ထဲမှာ မုန်တိုင်းမိပြီး မျောနေတာပါ။ သင်္ဘောဆီကနေ ကယ်တင်ဖို့ အရေးပေါ်ဖုန်းခေါ်မှုကို လက်ခံရခဲ့ပြီး ရဟတ်ယာဉ်ကို စေလွှတ်ခဲ့တယ်လို့ တူရကီကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မုန်တိုင်းမိခဲ့တဲ့ အဲဒီ ရုရှားကုန်တင်သင်္ဘောကို တူရကီ ဘာတင်ဆိပ်ကမ်းကို ဆွဲလာခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရုရှား ရက်စ်တော့ဗ်ဆိပ်ကမ်းကနေ ထွက်လာတဲ့ ဒီသင်္ဘောဟာ တူရကီ ဘာတင်ကမ်းရိုးတန်းနဲ့ ၁ ဒသမ ၆ ကီလိုမီတာအကွာမှာ လေပြင်းဒဏ်ကြောင့် ပင်လယ်ထဲ မျောသွားခဲ့တာ ဖြစ်ပါတယ်။
4 years Ago
Up