ရုရှားတွင် အိမ်ရာနှင့် ရေမီးစရိတ် ကြီးမြင့်သည့်အတွက် မြို့သူမြို့သားများ ဆန္ဒပြ

March 21, 2017

ရုရှားတွင် အိမ်ရာနှင့် ရေမီးစရိတ် ကြီးမြင့်သည့်အတွက် မြို့သူမြို့သားများ ဆန္ဒပြ

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသ နိုဗာစီကီမြို့လယ်ကောင်မှာ မတ် ၁၉ ရက်နေ့က ဒေါသထွက်နေတဲ့ မြို့သူမြို့သားတွေဟာ အိမ်ရာနဲ့ ရေမီးစရိတ်စက ကြီးမြင့်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒပြကြပါတယ်။ မီဒီယာတွေရဲ့ သတင်းပေးပို့ချက်အရ နိုဗာစီကီဒေသ အုပ်ချုပ်ရေးမှူးဟာ မြို့ရဲ့ ရေမီးစရိတ်တွေကို တိုးမြှင့်လိုက်တယ်လို့ သိရပါတယ်။ ဒါကြောင့် လာမယ့်ဇူလိုင်ကစပြီး ဆိုက်ဘေးရီးယားဒေသမှာ ကုန်ဈေးနှုန်းတွေဟာ ၁၅ ရာခိုင်နှုန်း မြင့်တက်လာမှာ ဖြစ်ပါတယ်။ ရုရှား တခြားဒေသတွေမှာတော့ ကုန်ဈေးနှုန်းဟာ ၄ ရာခိုင်နှုန်းအထိသာ မြင့်တက်တယ်လို့ သိရပါတယ်။ ဆန္ဒပြသူ ၂၅၀၀ ကျော်ဟာ စရိတ်တွေကို လက်ရှိနှုန်းထားအတိုင်းထားဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် သူတို့ဟာ ဒေသအစိုးရကို အကျင့်ပျက်ပြီး ပြည်သူတွေကို ပစ်ပယ်ထားတယ်လို့ စွပ်စွဲပါတယ်။ ဆန္ဒပြသူတွေဟာ ဒေသအုပ်ချုပ်ရေးမှူးနဲ့ မြို့တော်ဝန်တို့ ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြပွဲ စီစဉ်သူတွေက အဲဒီနိုင်ငံရေးသမား ၂ ဦးကို စီတန်းပွဲတက်ရောက်ဖို့ ဖိတ်ကြားပေမယ့်  တဦးမှ လာရောက်ခြင်းမရှိဘူးလို့ အင်တာဖက်စ် သတင်းအေဂျင်စီကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up