ရုရှားတွင် အစိုးရဆန့်ကျင်ဆန္ဒပြမှုဖြစ်ပွား၊ လူ ၁၀၀ ကျော် ဖမ်းဆီးခံရ

June 13, 2017

ရုရှားတွင် အစိုးရဆန့်ကျင်ဆန္ဒပြမှုဖြစ်ပွား၊ လူ ၁၀၀ ကျော် ဖမ်းဆီးခံရ (ရုပ်သံ)

ရုရှားနိုင်ငံ မြို့တော် မော်စကိုမှာ ဇွန်လ ၁၂ ရက်နေ့က အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတရပ် ဖြစ်ပွားခဲ့ပြီး လူ ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇေး နာဗယ်နီဟာ နိုင်ငံကထွက်ခွာဖို့ ကြိုးပမ်းရင်း ထိန်းသိမ်းခံခဲ့ရပြီးနောက် ဆန္ဒပြပွဲ ဖြစ်ပေါ်ခဲ့တာပါ။ လူငယ်အများအပြား အပါအဝင် ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ နာဗယ်နီ ကြွေးကြော်သံဟစ်ကြွေး၊ အလံတွေ ဝှေ့ရမ်းပြီး ဆန္ဒပြကြပါတယ်။ ဆန္ဒပြသူတွေဟာ မြို့လယ်ကောင် ပွတ်ရှ်ကင်ရင်ပြင်မှာ စုဝေးကြပြီး တချို့က ကရင်မလင်နန်းတော်ဘက် ချီတက်ကြပါတယ်။ ဒါပေမယ့် အဲဒီမှာ ပွဲတော်ကျင်းပနေတာမို့ လမ်းတွေကို ပိတ်ထားပါတယ်။ ဆန္ဒပြသူတွေဟာ ပွဲတော်ကလူတွေနဲ့ ရောနှောပြီး အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံတွေ ဟစ်ကြွေးကြတာကြောင့် ရဲတွေက ထိန်းသိမ်းခဲ့ပါတယ်။ နာဗယ်နီက အစိုးရရဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ ပတ်သက်ပြီး မော်စကိုနဲ့ တခြားမြို့တွေမှာ ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။ ရုရှားအစိုးရက နာဗယ်နီရဲ့ စွပ်စွဲချက်တွေကို ပယ်ချလိုက်ပြီး နာဗယ်နီကို နိုင်ငံရေး မတည်ငြိမ်ေအာင် လုပ်တယ်လို့ စွပ်စွဲလိုက်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up