ရုရှားတွင်ကျင်းပသည့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ပြိုင်ပွဲတွင် တရုတ်စစ်တပ် ဒုတိယဆုရ

August 7, 2017

ရုရှားတွင်ကျင်းပသည့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ပြိုင်ပွဲတွင် တရုတ်စစ်တပ် ဒုတိယဆုရ (ရုပ်သံ)

ရုရှားနိုင်ငံ Astrakhan မြို့မှာ Keys to the sky အမည်နဲ့ သြဂုတ် ၅ ရက်နေ့က ကျင်းပတဲ့ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ပြိုင်ပွဲမှာ တရုတ်စစ်တပ်က ဒုတိယဆု ရရှိခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ တရုတ်၊ ရုရှား၊ ကာဇက်စတန်နဲ့ ဘယ်လာရုစ် နိုင်ငံတွေက အသင်း ၆ သင်း ဝင်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။ ရုရှားနဲ့ တရုတ်တပ်ဖွဲ့တွေက S300 လေယာဉ်ပစ်အမြောက်တွေသုံးပြီး ပစ်မှတ်ကို ပစ်ခတ်ခဲ့ကြပါတယ်။ တရုတ်စစ်တပ်ဟာ ရုရှားထက် ၁ မှတ်လျော့ပြီး ဒုတိယ ရခဲ့တာပါ။ ပြိုင်ပွဲပြီးဆုံးတဲ့အချိန်မှာ ပြိုင်ဘက်အဖွဲ့တွေနဲ့ ဒိုင်တွေက တရုတ်စစ်တပ်အဖွဲ့ကို ဂုဏ်ပြု ချီးကျူးခဲ့ကြပါတယ်။ “တရုတ်စစ်သားတွေက သူတို့ရဲ့အလုပ်တွေကို ဂရုတစိုက်နဲ့ တိတိကျကျ ကြိုးစားပြီး လုပ်ကြတယ်။ သူတို့ဟာ တကယ့်ကို အရည်အသွေးပြည့်ဝတဲ့ ပြိုင်ပွဲဝင်ကောင်းတွေပါပဲ” လို့ ပြိုင်ပွဲ ဒိုင်ချုပ်က ပြောပါတယ်။ ပြိုင်ပွဲအတွင်းမှာ ရုရှားစစ်တပ်က စစ်လေယာဉ်တွေနဲ့ အလှပြ ပျံသန်း ဖျော်ဖြေခဲ့ပါတယ်။ အဲဒါအပြင် ရုရှားအမြောက်တပ်ကလည်း သူတို့ရဲ့ နောက်ဆုံးပေါ် လေကြောင်းရန်ကာကွယ်ရေး လက်နက်တွေကို ပြသခဲ့တယ်လို့ သိရပါတယ်။
4 years Ago
Up