ရုရှားဆရာဝန်၏ လက်သီးချက်ကြောင့် လူနာသေဆုံး (ရုပ်သံ)

January 10, 2016

ရုရှားဆရာဝန်၏ လက်သီးချက်ကြောင့် လူနာသေဆုံး (ရုပ်သံ)

ရုရှားနိုင်ငံရှိ ဘယ်လ်ဂိုရော့ဒ်မြို့က ဆေးရုံတရုံမှာ လာရောက်ကုသတဲ့ အသက် ၅၆ နှစ်အရွယ် အမျိုးသားလူနာတဦးဟာ ဆရာဝန်တဦးရဲ့ ထိုးကြိတ်မှုကြောင့်  သေဆုံးသွားပါတယ်။ အခင်းဖြစ်ပွားတာကတော့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရုရှားနိုင်ငံပိုင် သတင်းဌာနကလည်း ထုတ်လွှင့်ခဲ့သလို ဒီဗွီဒီယိုဖိုင်ကို အင်တာနက်စာမျက်နှာ  YouTube ပေါ်မှာ တင်ထားခဲ့ကြောင့် လူမှုကွန်ရက်တွေမှာ ပျံ့နှံ့ခဲ့ပါတယ်။ အခင်းဖြစ်ပွားပုံက လူနာဖြစ်သူဟာ သူနာပြုဆရာမအား ကန်ကြောက်ခဲ့တဲ့အတွက် ဆရာဝန်ဖြစ်သူကို သွားတိုင်ရာကနေ ခိုက်ရန်ဖြစ်ပွားခဲ့တာပါ။ ဆရာဝန်က ထိုင်ခုံပေါ်မှာ ဆေးထည့်နေတဲ့ လူနာကို  ဆွဲခေါ်ပြီး ဘာအတွက်ကြောင့် သူနာပြုကို ကန်ရတာလဲလို့ မေးမြန်းနေစဉ်မှာ လူနာနဲ့ ပါလာသူလို့ ယူဆရတဲ့ လူတဦးက ၀င်ရောက်လာပြီး တားဆီးရာကနေ ခိုက်ရန် ဖြစ်ပွားခဲ့တာကို ရုပ်သံဖိုင်ထဲမှာ တွေ့ရပါတယ်။ ဆရာဝန်က လူနာရှင်နဲ့ ခိုက်ရန်ဖြစ်ပွားနေစဉ်မှာ တဖက်က လူနာကို လက်သီးနဲ့ လှည့်ထိုးလိုက်တာကြောင့် လူနာဟာ နောက်ပြန်လဲကျသွားပါတယ်။ ဒီနောက်မှာတော့ ဆရာဝန်နဲ့ လူနာရှင် အပြန်အလှန် ဆက်လက်ပြီး ခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်။ လူနာဟာ အထိုးခံရလို့ လဲကျသွားတဲ့ အရှိန်နဲ့ ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာ အကြီးအကျယ် ရရှိပြီး သေဆုံးတာလို့ ရုရှားနိုင်ငံပိုင် သတင်းက ဆိုပါတယ်။ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ဆရာဝန်ဟာ အလုပ်ထုတ်ခံခဲ့ရသလို လူနာကို သေဆုံးအောင် ထိုးခဲ့တဲ့အမှုနဲ့ အမှုဖွင့်ခံထားရပါတယ်။
6 years Ago
Up