ရုရှားစစ်လေယာဉ်ကို

February 4, 2018

ရုရှားစစ်လေယာဉ်ကို ဆီးရီးယားသူပုန်များ ပစ်ချ၊ လေယာဉ်မှူး အသတ်ခံရ (ရုပ်သံ)

ဆီးရီးယား သူပုန်တွေက ရုရှားစစ်လေယာဉ်တစီးကို ဖေဖော်ဝါရီ ၃ ရက်နေ့က ပစ်ချခဲ့ပါတယ်။ လေယာဉ်ကနေ လေထီးနဲ့ ခုန်ပြီးကန်ထွက်ခဲ့တဲ့ လေယာဉ်မှူးလည်း မြေပေါ်အရောက်မှာ အသတ်ခံရတယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ဆီးရီးယား သူပုန်တွေက ပြောပါတယ်။ ရုရှားလေယာဉ်ပျက်ရဲ့ အပိုင်းအစတွေ မီးလောင်နေပုံကို ရိုက်ကူးထားတဲ့ ရုပ်သံတွေလည်း လူမှုကွန်ရက် အင်တာနက်ပေါ် ရောက်လာပါတယ်။ ရုရှားလေယာဉ်ဟာ အကြီးစား အဝေးပြေးလမ်းမနဲ့ နီးတဲ့ ဆာရာကက်ဘ်မြို့နား ခန်းအယ်လ် ဆူဘာမြို့ပေါ်မှာ ပစ်ချခံခဲ့ရတာပါ။ ဒီနေရာဟာ ဆီးရီးယားစစ်တပ်နဲ့ အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်သူ့စစ်တွေက စီးနင်းဖို့ ကြိုးစားနေတဲ့ နေရာလို့ သူပုန်သတင်းရင်းမြစ်က ပြောပါတယ်။ လေယာဉ်မှူးဟာ လေယာဉ်ပျက်ကျချိန်မှာ လေထီးနဲ့ခုန်ပြီး ကန်ထွက်ခဲ့လို့ အသက်ဘေးက လွတ်ခဲ့ပေမယ့် သူ့ကိုဝိုင်းဖမ်းဖို့ ကြိုးစားတဲ့ သူပုန်တွေသတ်လို့ သေဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ သယ်နိုင်တဲ့ မြေပြင်က ဝေဟင်ပစ်ဒုံးကျည်နဲ့ လေယာဉ်ကို ပစ်ချခဲ့တာလို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
3 years Ago
Up