ရုရှားစစ်လက်နက်ပစ္စည်းများ ဗိုလ်ချုပ်မှူးကြီး ကြည့်ရှုလေ့လာ

August 23, 2018

ရုရှားစစ်လက်နက်ပစ္စည်းများ ဗိုလ်ချုပ်မှူးကြီး ကြည့်ရှုလေ့လာ

ရုရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သြဂုတ် ၂၁ ရက် ညနေပိုင်းက ကူဘင်ကာမြို့ရှိ အလာဘီနို လေ့ကျင့်ရေး ကွင်းမှာ ကျင်းပတဲ့ စစ်လက်နက်ပစ္စည်း သရုပ်ပြပွဲနဲ့  စစ်ဘက် နည်းပညာပြခန်းတွေကို ကြည့်ရှုလေ့လာပါတယ်။ တပ်မတော်အကြီးအကဲနဲ့ အဖွဲ့ဟာ  တင့်ကားနဲ့ သံချပ်ကာယာဉ်တွေ၊ လေကြောင်းရန် ကာကွယ်ရေးယာဉ်တွေ၊  ဒုံးယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေရဲ့ စွမ်းရည်သရုပ်ပြ မောင်းနှင်တာကို ကြည့်ရှုအား ပေးခဲ့ကြတယ်လို့ တပ်မတော်က သတင်းထုတ်ပါတယ်။ ဒီပြပွဲမှာ ရုရှားနဲ့ နိုင်ငံတကာစစ်လက်နက်ပစ္စည်း ကုမ္ပဏီပေါင်း ၁၅၀၀ ကျော်က ထုတ်လုပ်တဲ့လက်နက်တွေနဲ့ ကာကွယ်ရေးပစ္စည်းပေါင်း ၂၆၀၀၀ ကျော်ကို ပြပွဲအမျိုးအစား ပေါင်း ၁၄၀ ကျော် ခင်းကျင်းပြသထားပြီး နိုင်ငံပေါင်း ၁၀၀ကျော်က စစ်ဘက်ဆိုင်ရာ လေ့လာသူတွေ  တက်ရောက်တယ်လို့ သိရပါတယ်။ ဓာတ်ပုံ-Cincds
5 years Ago
Up