ရုရှားစစ်ဖက်လေယာဉ်ပျက်ကျ

August 3, 2015

ရုရှားစစ်ဖက်ရဟတ်ယာဉ် သရုပ်ပြပျံသန်းစဉ် ပျက်ကျ (ရုပ်သံ)

ရုရှားနိုင်ငံ မော်စကိုမြို့တော်အရှေ့တောင်ဖက် ကီလိုမီတာ ၂၀၀ အကွာက မြို့တမြို့မှာ ပြီးခဲ့တဲ့ သြဂုတ် ၂ ရက်နေ့က စစ်ဖက် ရဟတ်ယာဉ်ဉ်တစင်း အုပ်စုဖွဲ့ သရုပ်ပြပျံသန်းရင်း ပျက်ကျလို့ လေယာဉ်မှူးတဦး သေဆုံးသွားပါတယ်။ ရုရှားနိုင်ငံထုတ် MI-28 တိုက်လေယောဉ် ၄ စီး အုပ်စုဖွဲ့ ပျံသန်းသရုပ်ပြချိန်မှာ ရဟတ်ယာဉ်တစီးက မထိန်းချုပ်နိုင်တော့ပဲ ပျက်ကျ မီးလောင်သွားခဲ့တာပါ။ လေယာဉ်မှူး ၂ ဦးမှာ တဦးကတော့ လွတ်မြောက်ခဲ့ပေမယ့် ၁ ဦးကတော့ သေဆုံးသွားပါတယ်။ ဒီလေယာဉ်သရုပ်ပြပျံသန်းမှုဟာ ရုရှားစစ်ဖက် လေယာဉ်မှူးတွေ စွမ်းရည်ပြပွဲလို့ ဆိုပါတယ်။ ရဟတ်ယာဉ်ပျက်ကျခဲ့အပြီး ဒီသရုပ်ပြပွဲကို ဆက်လုပ်သင့်၊ မသင့် စဉ်းစားနေတယ်လို့ ပြပွဲစီစဉ်သူတွေက ဆိုပါတယ်။ ဒီရဟတ်ယာဉ် ပျက်ကျသွားရတဲ့အကြောင်းရင်း အတိအကျ မသိရမချင်း ဒီ MI-28 တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို မပျံသန်းဖို့ ရုရှားလေတပ်ဦးစီးချုပ်က ညွန်ကြားထားတယ်လို့ ရုရှားသတင်းအေဂျင်စီတခုဖြစ်တဲ့ အာရ်အိုင်အေသတင်းအေဂျင်စီက ဖော်ပြပါတယ်။
6 years Ago
Up