ရုရှားစစ်တပ် တင့်ကား အစီး ၃၀ ကျော် လက်တွေ့ပစ်ခတ်လေ့ကျင့် (ရုပ်သံ)

A d v e r t i s e m e n t With Us

April 2, 2016

ရုရှားစစ်တပ် တင့်ကား အစီး ၃၀ ကျော် လက်တွေ့ပစ်ခတ်လေ့ကျင့် (ရုပ်သံ)

ရုရှားစစ်တပ်ရဲ့ တင့်ကားတိုက်ခိုက်ရေးလေ့ကျင့်မှုတွေကို ယူကရိန်းနယ်စပ်အနီးမှာ ၃ ရက်ကြာ ကျင်းပခဲ့ပြီး မတ် ၃၀ ရက်နေ့က ပြီးစီးခဲ့ပါတယ်။ နိုင်ငံတောင်ပိုင်းက Volgograd ဒေသမှာ လက်တွေ့ပစ်ခတ်လေ့ကျင့်ခဲ့ကြပြီး T-72 တင့်ကားနဲ့ T-90A တင့်ကား အစီး ၃၀ ကျော် ပါဝင်ခဲ့ပါတယ်။ ဒီ ၃ ရက်ကြာ စစ်ရေးလေ့ကျင့်မှုအတွင်း တပ်ဖွဲ့ဝင်တွေဟာ တင့်ကားစစ်ဆင်ရေး လေ့ကျင့်မှု၊ တင့်ကားတွေကို ရေထဲ ဖြတ်သန်းမောင်းနှင်မှုတွေ၊ တင့်ကားအမြန်မောင်းနှင်းရင်း ပစ်မှတ်တွေကို ပစ်ခတ်လေ့ကျင့်မှုတွေနဲ့ တချိန်တည်း ပစ်မှတ်အများအပြားကို ထိမှန်အောင် ပစ်ခတ်လေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ ရုရှား၊ ယူကရိန်း၊ ပြင်သစ်၊ ဂျာမနီနိုင်ငံ ၄ နိုင်ငံ လက်မှတ်ရေးထိုးထားတဲ့ ယူကရိန်းအရှေ့ပိုင်း ငြိမ်းချမ်းရေး Minsk မင့် သဘောတူညီချက်ကို  ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ထပ်မံသက်တမ်းတိုးခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ယူကရိန်းအရှေ့ပိုင်းက သူပုန်ထိန်းချုပ်ဒေသတချို့မှာ ပစ်ခတ်မှုတွေ ပြန်လည်ဖြစ်ပွားလာလို့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ထိခိုက်လာမှာ စိုးရိမ်နေကြပါတယ်။
5 years Ago
Up