ရုရှားစစ်တပ် တင့်ကားနှင့်အမြောက် စစ်ရေးလေ့ကျင့် (ရုပ်သံ)

A d v e r t i s e m e n t With Us

September 19, 2015

ရုရှားစစ်တပ် တင့်ကားနှင့်အမြောက် စစ်ရေးလေ့ကျင့် (ရုပ်သံ)

ရုရှားစစ်တပ်က တင့်ကားနဲ့ အမြောက် စစ်ရေးလေ့ကျင့်မှုကို နိုင်ငံအလယ်ပိုင်း အိုရန်ဘာ့ဂ်ဒေသမှာ စက်တင်ဘာ ၁၇ ရက်နေ့က  လေ့ကျင့်ခဲ့ကြပါတယ်။ ဒီလေ့ကျင့်မှုဟာ ဒီနှစ်အတွက် အကြီးဆုံးလို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ လတ်တလောလတွေအတွင်း ရုရှားကလုပ်တဲ့ အကြီးစား စစ်ရေးလေ့ကျင့်မှုရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ ၂၀၁၄ မတ်လက ယူကရိန်းရဲ့ ခရိုင်းမီးယားဒေသကို ရုရှားစစ်တပ်က ကျူးကျော်ခဲ့ပါတယ်။ ယူကရိန်းအရှေ့ပိုင်းမှာ ယူကရိန်း အစိုးရနဲ့တိုက်နေတဲ့ ခွဲထွက်ရေး သူပုန်တွေကို ကူညီဖို့ ရုရှားက တပ်တွေနဲ့ လက်နက်တွေ ပေးပို့တယ်လို့ အနောက်ဥရောပ နိုင်ငံတွေက စွပ်စွဲခဲ့ပြီး ရုရှားက စွပ်စွဲချက်ကို ငြင်းပါတယ်။ ဒီပဋိပက္ခနဲ့ ပတ်သက်ပြီး အနောက်နဲ့ဆက်ဆံရေး ယိုယွင်းလာတဲ့အတွက် ရုရှားဟာ သူ့ရဲ့ တိုက်ခိုက်ရေး အဆင်သင့်ဖြစ်မှုကို စစ်ဆေးဖို့ စစ်တိုင်းအသီးသီးမှာ အကြီးစား စစ်ရေးလေ့ကျင့်မှုတွေကို ဆောင်ရွက်ခဲ့ပါတယ်။
5 years Ago
Up