ရုရှားဂျက်လေယာဉ် ကြားဖြတ်ပျံသန်း (ရုပ်သံ)

June 10, 2017

အမေရိကန်ဗုံးကြဲလေယာဉ်များအကြား ရုရှားဂျက်လေယာဉ် ကြားဖြတ်ပျံသန်း (ရုပ်သံ)

ဘောလ်တစ်ပင်လယ်အပေါ်မှာ မဟာမိတ်တပ်တွေ လေ့ကျင့်နေတုန်း အမေရိကန် ဗုံးကြဲလေယာဉ်ကို ရုရှားဂျက်လေယာဉ်က ကြားဖြတ် ပျံသန်းခဲ့ပုံတွေကို အမေရိကန် စစ်တပ်က သောကြာနေ့မှာ ဖြန့်ချိလိုက်ပါတယ်။ ရုရှလုပ် Su-17 ဖှလန့်ကာ တိုက်လေယာဉ်က အမေရိကန် လေတပ် B52H ဗုံးကြဲလေယာဉ်နဲ့ B1B လန်ဆာ ဗုံးကြဲလေယာဉ်တို့ကို ကြားဖြတ် ပျံသန်းခဲ့ပုံကို ဓာတ်ပုံတွေက ပြထားပါတယ်။ ဘောလ်တစ်စစ်ဆင်ရေးလို့ နာမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း ခုလို ဖြစ်ခဲ့တာပါ။ အမေရိကန်လေတပ်က လေယာဉ်တွေ လေထဲမှာ ဆီဖြည့်တဲ့တပ်ဖွဲ့ အုပ်ဖွဲ့ပျံသန်းမှုကို ဂျက်လေယာဉ်တစီးက ကြားဖြတ် ပျံသန်းနေပုံကိုလည်း ပြထားပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုဟာ ဘောလ်တစ်ပင်လယ်ဒေသ ကာကွယ်ရေးနဲ့ တည်ငြိမ်ရေး သေချာစေဖို့ မဟာမိတ်တွေနဲ့ မိတ်ဖက်နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်ရေး အားဖြည့်ဖို့ ပုံစံထုတ်ထားတယ်လို့ အမေရိကန် စစ်တပ်က ပြောခဲ့ပါတယ်။
4 years Ago
Up