ရုရှားနိုင်ငံရဲ့ အကြီးဆုံး စစ်လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီ ခါလာ့ရှ်နီကိုဗ်ဟာ မြေပြင်ပေါ်က တာဝေး ပစ်မှတ်တွေကို တိုက်နိုင်တဲ့ စစ်ဘက်သုံး အသေခံ ဒရုန်းအမျိုးအစားအသစ်ကို မကြာသေးခင်က မိတ်ဆက်ခဲ့ပါတယ်။
ခါလာ့ရှ်နီကိုဗ် ကုမ္ပဏီဟာ မောင်းသူမဲ့ လေကြောင်းစနစ်ကို အသုံးပြုထားတဲ့ အဲဒီဒရုန်းကို ဖေဖော်ဝါရီလ အစောပိုင်းက အဘူဒါဘီမြို့မှာ ကျင်းပတဲ့ နိုင်ငံတကာ ကာကွယ်ရေးဆိုင်ရာ ပြပွဲမှာ မိတ်ဆက်ခဲ့တာပါ။
သုံးရလွယ်ပြီး ပစ်မှတ်တိကျတာဟာ အဲဒီဒရုန်းရဲ့ အားသာချက်တွေပါလို့ ကုမ္ပဏီဒါရိုက်တာ ဆာဂေ ရှမီဇို့ဗ်က ပြောပါတယ်။
ဒီဒရုန်းဟာ တနာရီကို ကီလိုမီတာ ၁၃၀ အမြန်နှုန်းနဲ့ ပျံသန်းနိုင်တဲ့အပြင် မိနစ် ၃၀ တိုင် မရပ်မနား ပျံသန်းနိုင်ပါတယ်။
သမားရိုးကျ လေကြောင်းရန် ကာကွယ်ရေး လက်နက်တွေကို သုံးပြီး တိုက်ရခက်တဲ့ ဒရုမ်းယာဉ်လို့လည်း ကုမ္ပဏီဒါရိုက်တာက ပြောပါတယ်။
ခါလာရှ်နီကိုဗ် ကုမ္ပဏီဟာ နာမည်ကျော် ခါလာရှ်နီကိုဗ် ရိုင်ဖယ်သေနတ် အမျိုးအစားကို ထုတ်လုပ်ခဲ့သူလည်း ဖြစ်ပြီး ကမ္ဘာပေါ်က တခြားလက်နက်တွေထက် အဲဒီရိုင်ဖယ်ကြောင့် လူအသက်ဆုံးရှုံးရတာတွေ ပိုများခဲ့ပါတယ်။
2 years Ago