ရုရှားကုန်တင်သင်္ဘော

March 4, 2019

ဘူဆန်မြို့ရှိ တံတားတစင်းကို ရုရှားကုန်တင်သင်္ဘော ဝင်တိုက် (ရုပ်သံ)

ရုရှား ကုန်တင်သင်္ဘောတစီးက တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာရှိတဲ့ တံတားတစင်းကို ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဝင်တိုက်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဒီမတော်တဆဖြစ်ရပ်ကြောင့် တံတားရော သင်္ဘောပါ ဆိုးဆိုးရွားရွား ပျက်စီးမှုတွေ ဖြစ်ခဲ့ပါတယ်။ မတော်တဆမှု ဖြစ်ပြီးနောက် တံတားပေါ် ယာဉ်တွေ ဖြတ်သန်းသွားလာတာကို ပိတ်ပစ်ခဲ့ပြီး သင်္ဘောရဲ့ အခြေအနေကိုတော့ အခုထိ မသိရသေးပါဘူး။ ဒီမတော်တဆမှုနဲ့ ပတ်သက်တဲ့ ဗွီဒီယိုဖိုင်တွေ ပေါ်ထွက်လာပေမယ့် လက်ရှိအချိန်အထိတော့ ဘာ့ကြောင့် ဒီလိုဝင်တိုက်ခဲ့ရသလဲ ဆိုတာနဲ့ သင်္ဘောဝင်တိုက်မှုကြောင့် တံတားပေါ်က တစုံတဦး ဒဏ်ရာရရှိသွားလားဆိုတာ မသိရသေးပါဘူး။ နောက်ဆက်တွဲ ထွက်ပေါ်လာတဲ့ သတင်းတွေအရ SEAGRAND သင်္ဘောဟာ ရုရှားနိုင်ငံ ဗယ်ဒီဗိုစတော့ကို ဦးတည်သွားနေတာဖြစ်ပြီး သင်္ဘောပေါ်မှာ စတီးခွေတွေ တင်ဆောင်ထားတယ်လို့လည်း သိရပါတယ်။
2 years Ago

December 28, 2017

သင်္ဘောသား ၁၃ ဦးပါ ရုရှားကုန်တင်သင်္ဘော တိမ်းစောင်းနစ်မြုပ်

သဘောင်္သား ၁၃ ဦးပါ တန် ၂၅၀၀ ရုရှားကုန်တင်သင်္ဘောကြီးတစီး နစ်မြုပ်နေလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဒီဇင်ဘာ ၂၆ ရက် နေ့က စတင်နေတယ်လို့ သိရပါတယ်။ ရုရှားကုန်တင်သင်္ဘောကြီးဟာ လတ်ဗီးယားနိုင်ငံ ရီဂါမြို့ကနေ အိုင်ယာလန်မြောက်ပိုင်း ဝါရင်ပွိုင့်မြို့ကလေးဆီ ရွက်လွှင့်ခဲ့ချိန်မှာ စက်ချို့ယွင်းမှုတခုကြောင့် တဖက်စောင်းသွားပြီး နစ်မြုပ်ခဲ့တာပါ။ နစ်မြုပ်နေတဲ့သင်္ဘောကို ကယ်တင်ဖို့ ဟမ့်ပ်ရှီးယားကောင်တီ ပို့စ်မောင့်ဆိပ်ကမ်းက ကမ်းရိုးတန်းစောင့်သင်္ဘောကို စေလွှတ်ခဲ့ပြီး အကယ်၍ သင်္ဘော ရေထဲ လုံးဝနစ်မြုပ်သွားခဲ့ရင် ကယ်ဆယ်နိုင်ဖို့ အသက်ကယ်လှေတွေ၊ ဆွဲလှေတွေကိုလည်း ထားထားတယ်လို့ သိရပါတယ်။ ၈၅ မီတာအရှည်ရှိ သင်္ဘောကြီးပေါ်မှာပါတဲ့ သင်္ဘောသား ၁၃ ဦးလုံး အသက်ရှင်ပြီး စိတ်ချရတဲ့ အနေအထား ရှိတယ်လို့ သိရပါတယ်။ သင်္ဘောက ခုထိ စွမ်းအင်ရှိနေပြီး ပုံမှန်အနေအထားရှိနေတယ်လို့ ပို့စ်မောင့်ဆိပ်ကမ်း ကမ်းရိုးတန်း လုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ပြောပါတယ်။ “သင်္ဘောကြီးက ပို့စ်မောင့်ဆိပ်ကမ်း အပြင်ဘက်မှာပဲ သိသိသာသာ တဖက်စောင်းပြီး စနစ်မြုပ်နေလို့ ကမ်းရိုးတန်းစောင့် လုံခြုံရေးတွေက ကူညီဆောင်ရွက်ပေးနေပါတယ်။ ဒီနေ့နောက်ပိုင်းမှာ ပင်လယ်ပြင်အခြေအနေ ကြမ်းတမ်းနိုင်ပြီး လေပြင်းပြင်းထန်ထန် တိုက်တာနဲ့အတူ ရာသီဥတု ဆိုးရွားလာနိုင်တဲ့အတွက် သင်္ဘောပိုင်ရှင်နဲ့တော့ ဆွေးနွေးနေတုန်းပဲ။” အခု နစ်မြုပ်နေတဲ့ ကုန်တင်သင်္ဘောကြီးပေါ်မှာ မီနီနဲ့ ဂျာဂွါအမျိုးအစား အပါအဝင် ဇိမ်ခံကား ရာဂဏန်းနဲ့ တခြား ကြီးမားလေးလံတဲ့ ကုန်ပစ္စည်းတွေ ပါဝင်တယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
3 years Ago
Up