ရုရှားကမ်းတက်သင်္ဘောကြီး

April 30, 2018

ရုရှားကမ်းတက်သင်္ဘောကြီး မင့်စ်ခ် ဆီးရီးယားမှ ပြန်ရောက်

ရုရှားနိုင်ငံရဲ့ ကမ်းတက်သင်္ဘောကြီး မင့်စ်ခ်ဟာ ဧပြီ ၂၉ ရက်နေ့က ဆီးရီးယားနိုင်ငံကနေ ရုရှားနိုင်ငံ ကာလီနင်ဂရက်မြို့ကို ပြန်လည်ရောက်ရှိခဲ့တယ်လို့ ဒေသမီဒီယာတွေက ဆိုပါတယ်။ ပင်လယ်ပြင်မှာ ၆ လကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ကမ်းတက်တပ်ဖွဲ့ဝင်တွေဟာ မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ တွေ့ဆုံခဲ့ပြီး တချို့တပ်ဖွဲ့ဝင်တွေကို ထူးချွန်ပြောင်မြောက်စွာ အမှုထမ်းခဲ့တဲ့အတွက် တရားဝင် ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့ပါတယ်။ အဲဒီ ရုရှားစစ်ရေယာဉ် မင့်စ်ခ်ဟာ မြေထဲပင်လယ်မှာ ပင်လယ်ပြင် စစ်ရေးလေ့ကျင့်ခန်း များစွာ လုပ်ခဲ့တဲ့အပြင် ဆီးရီးယားမှာပြုလုပ်တဲ့ စစ်ဆင်ရေးတွေအတွက် ထောက်ပံ့ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့တယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up