ရုပ်ကြွင်း

July 28, 2018

အမေရိကန်စစ်သည် ရုပ်ကြွင်းများ မြောက်ကိုရီးယား လွှဲပြောင်း

ကိုရီးယားစစ်ပွဲမှာ ကျဆုံးခဲ့တဲ့ အမေရိကန်စစ်သည်တွေရဲ့ ရုပ်ကြွင်းတချို့ကို မြောက်ကိုရီးယားနိုင်ငံက အမေရိကန်ကို ဇူလိုင် ၂၇ ရက်မှာ လွှဲပြောင်းလိုက်ပါတယ်။ အမေရိကန်စစ်သားတွေရဲ့ ရုပ်ကြွင်းတွေပါတဲ့ သေတ္တာ ၅၅ ခုကို မြောက်ကိုရီးယားက လွှဲပြောင်းလိုက်တာပါ။ ဒါဟာ ဇွန် ၁၂ ရက် စင်ကာပူထိပ်သီးဆွေးနွေးပွဲမှာ သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ ရရှိခဲ့တဲ့ သဘောတူချက်ရဲ့ ပထမဆုံးခြေလှမ်းလည်းဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ကတော့ ပြောထားတဲ့ စကားအတိုင်း အခုလို လွှဲပေးခဲ့တဲ့ ဥက္ကဋ္ဌကင်ကို ကျေးဇူးတင်တယ်လို့ အိမ်ဖြူတော်မှာလုပ်တဲ့ ပွဲတခုအတွင်း ပြောကြားထားသလို ဒီရုပ်ကြွင်းတွေဟာ ကျဆုံးခဲ့တဲ့ အမေရိကန်သူရဲကောင်း တွေဖြစ်တယ်လို့ပြောထားပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းအနေနဲ့ ပျောက်ဆုံးနေတဲ့ စစ်သားတွေရဲ့ရုပ်ကြွင်းတွေကို ဆက်ပြီး ရှာဖွေပေးလိမ့်ဦးမယ်လို့ မျှော်လင့်ကြောင်းလည်း သမ္မတ ထရမ့်ကပြောပါတယ်။ ၁၉၅ဝ-၅၃ ကိုရီးယားစစ်ပွဲအတွင်းမှာ အမေရိကန်တပ်သား ၇,၇ဝဝ ကျော်ရဲ့ အလောင်းတွေ ပျောက်ဆုံးနေဆဲဖြစ်ပြီး လက်ရှိ မြောက်ကိုရီးယားနိုင်ငံထဲမှာတင် တပ်သား ၅,၃ဝဝ ကျော် ပျောက်ဆုံးခဲ့ပါတယ်။
3 years Ago

July 22, 2018

နှစ်ပေါင်း ၆၆ သန်းရှိ ဒိုင်နိုဆောရုပ်ကြွင်း ပြတိုက်တွင် ပြသ

လွန်ခဲ့တဲ့နှစ်ပေါင်း ၆၆ သန်းက ဒိုင်နိုဆောမျိုးဝင် အသားစား တိုင်ရန်ဒိုင်နိုဆောရက်စ် ရုပ်ကြွင်းတခုကို ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ အမျိုးသားသဘာဝသမိုင်းပြတိုက်မှာ ပြသလိုက်ပါပြီ။ ဒီရုပ်ကြွင်းကို မွန်တားနားပြည်နယ်မှာ ၁၉၈၈ ခုနှစ်တုန်းက တွေ့ခဲ့တာပါ။ ၄ ဒသမ ၅ မီတာ ရှည်ပြီး ၁၂ မီတာရှည်တဲ့ ဒီရုပ်ကြွင်းဟာ ပြပွဲမှာ လူစိတ်ဝင်စားမှု အများဆုံး ဖြစ်လာနိုင်ချေ ရှိတယ်လို့ စီစီတီဗီသတင်းမှာဖော်ပြပါတယ်။ ရုပ်ကြွင်းတွေချည်းပဲပြသမယ့် ဒီလိုပွဲမျိုးကို ဒီသဘာဝသမိုင်းပြတိုက်ထဲက စမစ်ဆွန်နီယန်ပြတိုက်မှာ လာမယ့် နွေရာသီအတွင်း ထပ်မံပြသသွားမယ်လို့ သိရပြီး ကမ္ဘာတစ်ဝှမ်းက ဧည့်သည်ခြောက်သန်းနီးပါး လာရောက် ကြည့်ရှုနိုင်ချေရှိတယ်လို့ ပြတိုက်တာဝန်ခံတွေက ခန့်မှန်းထားပါတယ်။
3 years Ago
Up