ရုပ်အလောင်း တွေ့ရှိ

March 24, 2017

လစ်ဗျားကမ်းလွန်ပင်လယ်ပြင်တွင် တရားမ၀င်ရွှေ့ပြောင်းနေသူ ၅ ဦး၏ ရုပ်အလောင်း တွေ့ရှိ

မတ်လ ၂၃ ရက်နေ့က တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၅ ဦးရဲ့ ရုပ်အလောင်းတွေကို လစ်ဗျားကမ်းလွန်ပင်လယ်ပြင်မှာ တွေ့ရှိခဲ့ပါတယ်။ လူတွေရာနဲ့ချီပြီး တင်လွှတ်လိုက်လေ့ရှိတဲ့ လူမှောင်ခိုဂိုဏ်းတွေရဲ့ လှေတွေနစ်မြုပ်တာကြောင့် သေဆုံးခဲ့သူတွေဖြစ်ပါတယ်။ နောက်ထပ်သေဆုံးသူတွေ ရှိနိုင်သေးတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ အဲဒီဒေသမှာ ကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့တဖွဲ့က မတ်လ ၂၂ ရက်နေ့အစောပိုင်းက လေမှုတ်လှေတစီး နစ်မြုပ်သွားတဲ့ သတင်းကြားခဲ့ပြီး သိပ်မကြာခင်မှာ နောက်တစီး နစ်မြုပ်သွားတာ တွေ့လိုက်တယ်လို့ ပြောပါတယ်။ ဥရောပသမ္မဂ္ဂနဲ့ တူရကီနိုင်ငံတို့ကြားက ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ သဘောတူညီမှုတွေ ရပ်ဆိုင်းလိုက်ပြီးနောက်ပိုင်း အခုနှစ်ထဲမှာ မြေထဲပင်လယ်ကိုဖြတ်ပြီး ရွှေ့ပြောင်းနေထိုင်လိုသူတွေရဲ့ အရေအတွက်ဟာ မြင့်တက်လာခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up