ရုပ်သံ ဖြန့်ချိ

September 3, 2017

အိုင်အက်စ်တပ်ဖွဲ့များကို ရုရှားဂျက်လေယာဉ်များ တိုက်ခိုက်ခဲ့သည့် ရုပ်သံ ဖြန့်ချိ

ဆီးရီးယားနိုင်ငံ အူခိုင်ရာဘတ်နဲ့ မဒန်ဂျာဒစ် နားမှာရှိတဲ့ အိုင်အက်စ်တပ်ဖွဲ့တွေအား ရုရှားဂျက်လေယာဉ်တွေက တိုက်ခိုက်ခဲ့တဲ့ ဗွီဒီယိုကို စက်တင်ဘာ ၁ ရက်နေ့မှာ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်လွှင့်ခဲ့ပါတယ်။ အိုင်အက်စ်တွေကို ဆီးရီးယားအစိုးရတပ်တွေ ထိုးစစ်ဆင်ရာမှာ ရုရှားတိုက်လေယာဉ်တွေက ကူညီတိုက်ခိုက်ပေးပြီး အိုက်စစ်တွေရဲ့ ယာဉ်တွေနဲ့ လက်နက်တိုက်တွေကို ဝိုင်းဝန်းဖျက်ဆီးပေးခဲ့တယ်လို့လည်း ပြောပါတယ်။ ခံစစ်အင်အားကောင်းတဲ့ အိုင်အက်စ်တွေရဲ့ အူခိုင်ရာဘတ်ရွာကို စက်တင်ဘာ ၁ ရက်နေ့က သိမ်းယူပြီးနောက် စက်တင်ဘာ ၂ ရက်နေ့မှာ ဆီးရီးယား အစိုးရတပ်နဲ့ သူ့ရဲ့ မဟာမိတ်တွေက ဆီရီယားနိုင်ငံ အလယ်ပိုင်းက နောက်ဆုံးကျန်နေတဲ့ အိုင်အက်စ်တို့ရဲ့ စစ်စခန်းကို ဆက်လက်တိုက်ခိုက်နေပါတယ်။ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေမှာ အိုင်အက်စ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် အိုင်အက်စ်တွေ အရေးနိမ့်နေရပြီး ဆီးရီးယားနိုင်ငံ အလယ်ပိုင်းက နောက်ဆုံးကျန်နေတဲ့ တပ်ဖွဲ့တွေကို ဆီးရီးယားစစ်တပ်နဲ့ ရုရှားလေယာဉ်တွေက ဝိုင်းဝန်းတိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။
4 years Ago

April 9, 2017

ဂရိရေပိုင်နက်ထဲ နိုင်ငံတကာမူးယစ်ဂိုဏ်းအား လိုက်လံဖမ်းဆီးခဲ့သည့်ရုပ်သံ ဖြန့်ချိ

Greece arrests seven for trafficking drugs from... by BhRefleX အယ်လ်ဘေးနီးယားနိုင်ငံကနေ အီတလီနိုင်ငံဆီ မြန်နှုန်းမြင့် စက်လှေတွေသုံးပြီး မူးယစ်ဆေးဝါးတွေ အများအပြား တင်ပို့နေတဲ့ နိုင်ငံတကာမူးယစ်ဂိုဏ်းကို ဂရိကမ်းရိုးတန်းစောင့်တပ်က ဖမ်းလိုက်ပါတယ်။ ဒီစစ်ဆင်ရေးကို ရိုက်ကူးထားတဲ့ ရုပ်သံကိုလည်း ဧပြီ ၈ ရက်နေ့က ဖြန့်ချိ လိုက်ပါတယ်။ ဂရိ ကမ်းရိုးတန်းစောင့် မူးယစ်တိုက်ဖျက်ရေးတပ်ဖွဲ့က အယ်လ်ဘေးနီးယား နိုင်ငံသား ၅ ဦးနဲ့ ဂရိ နိုင်ငံသား ၂ ဦးကို ဧပြီ ၇ ရက်နေ့က ဖမ်းလိုက်တာပါ။ မပြုပြင်ရသေးတဲ့ ဆေးခြောက် ၁.၅ တန်နဲ့အတူ မြန်နှုန်းမြင့် စက်လှေ ၂ စီးကိုလည်း သိမ်းဆည်းမိခဲ့ပါတယ်။ မူးယစ်ကုန်ကူးသူ ဂိုဏ်းဝင်တွေဟာ ယူရိုငွေ သန်းပေါင်းများစွာ ရနေတယ်လို့ ခန့်မှန်း ထားကြောင်း ဂရိကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။ သူတို့ဟာ အီတလီတောင်ပိုင်း ကမ်းခြေမှာ ပလတ်စတစ်နဲ့ထုပ်ထားတဲ့ ဆေးခြောက်ထုပ်တွေကို ချန်ခဲ့ပြီး ဂရိရေပိုင်နက်ထဲ ဝင်လာချိန်မှာ ဖမ်းမိခဲ့တာလို့လည်း ကမ်းရိုးတန်းစောင့်တပ်က ဆိုပါတယ်။ လနဲ့ချီပြီးကြာတဲ့ စုံစမ်းစစ်ဆေးမှုအတွင်း အီတလီနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ မူးယစ်ဂိုဏ်းဟာ အယ်လ်ဘေးနီးယား နိုင်ငံထဲမှာ မူးယစ်ဆေး အမြောက်အမြား ဝယ်ခဲ့ပြီး အထူးတပ်ဆင်ထားတဲ့ မြန်နှုန်းမြင့် စက်လှေတွေနဲ့ အီတလီ ကမ်းခြေကို ပို့နေတာလို့ ဆိုပါတယ်။
4 years Ago
Up