ရုပ်သံ ပျံ့နှံ့

May 19, 2017

ခွဲစိတ်ခန်းတွင်း ဆရာဝန်နှင့် ချစ်သူနာ့စ်မလေး ထိုးကြိတ်သတ်ပုတ်သည့်ရုပ်သံ ပျံ့နှံ့ (ရုပ်သံ)

တရုတ်နိုင်ငံမှ ဆေးရုံတရုံရဲ့ ခွဲစိတ်ခန်းတခုမှာ ဆရာဝန်တဦးနဲ့ ချစ်သူ နာ့စ်မ လေးတဦးတို့ကြား ထိုးကြိတ်သတ်ပုတ်ခဲ့ကြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော အင် တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေခဲ့တယ်လို့ မေရာသတင်းမှာ မေလ ၁၈ ရက်နေ့က ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟီနန်းခရိုင်၊ လန်ခါအိုစီရင်စုနယ် မြေ ဆေးရုံမှာ ဖြစ်ခဲ့တာဖြစ်ပြီး ခွဲစိတ်မှုတခုအတူလုပ်ခဲ့အပြီးမှာ အချင်းချင်း အငြင်းပွားရာကနေ ရန်ပွဲစဖြစ်ခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ အဆိုပါ ဆရာဝန်က သူ့ရဲ့ ချစ်သူနာ့စ်မလေးဟာ ခွဲစိတ်မှုပြုလုပ်နေချိန်အတွင်းမှာ လိုက်နာရမယ့် ကျင့်ဝတ်တွေ ချိုးဖောက်ခဲ့တယ်ဆိုပြီး ကတောက်ကဆဖြစ်ခဲ့ချိန်မှာ ဖြေရှင်းချက်ပေးဖို့ ငြင်းဆန်ခဲ့တဲ့အတွက် ရန်ပွဲစတင်ခဲ့တာပါ။ ဆရာဝန်အမျိုးသားဟာ သူ့လက်ထဲမှ ခွဲခန်းသုံးပစ္စည်းတချို့ကို ကြမ်းပြင်ကို ပစ် ပေါက်ခဲ့ချိန်မှာ နာ့စ်မလေးက သူ့ကို စတင်ရိုက်နှက်ခဲ့တာပါ။ အဲဒီနောက်တော့ ဆရာဝန်အမျိုးသားက သူ့ကို လက်သီးနဲ့ အဆက်မပြတ်ထိုး ကြိတ်ခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ဒီရန်ပွဲဖြစ်ချိန်မှာ ခွဲစိတ်ထားတဲ့ လူနာကို ဘီးတပ်တွန်းလှည်းနဲ့ အခန်းပြင်ကို တွန်း ထုတ်ခဲ့ပြီးချိန်ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဆရာဝန်ရဲ့ အဆက်မပြတ် ထိုးကြိတ်ခဲ့မှုကြောင့် နာ့စ်မလေးဟာ ကြမ်းပြင်ပေါ် ထိုးကျသွားခဲ့ပြီးနောက်မှာတော့ ခွဲစိတ်ခန်းတွင်းမှ တခြားလုပ်ဖော်ကိုင်ဖက်တွေက ရန်ပွဲကို ဖျန်ဖြေပေးဖို့ ကြိုးစားခဲ့ကြရတာပါ။ ဆေးရုံက ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက် ၂ ခုမှာတော့ ဒီရန်ပွဲမှာ ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာရရှိတာမျိုး မရှိခဲ့ပဲ ဒါဟာ ချစ်သူ ၂ ဦးကြား ကိုယ်ရေးကိုယ်တာ ပြဿနာ သာဖြစ်တယ်လို့ ဖော်ပြခဲ့တာပါ။ တရုတ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ပျံ့နှံ့ နေခဲ့ပြီး ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သန်းကျော်ရှိနေခဲ့ပါတယ်။
4 years Ago
Up