ရုပ်သံဖြန့်ချိ

September 30, 2017

အိုက်အက်စ်အား အပြီးတိုက်ထုတ်ရန် ဆီးရီးယားတပ်များ မြစ်ကိုဖြတ်ကူးသည့် ရုပ်သံဖြန့်ချိ

by dvburma ဆီးရီးယားစစ်တပ်နဲ့ မဟာမိတ်တွေဟာ ဒီယာအယ်လ်ဇောဒေသ တဝိုက်က အိုက်စစ်တပ်ဖွဲ့တွေကို အပြီးသတ်တိုက်ထုတ်နိုင်ရေးအတွက် ယူဖရိတ်မြစ်ကို ဖြတ်ကူးခဲ့ကြတဲ့ ဗွီဒီယိုကို အစိုးရ မီဒီယာကထုတ်လွှင့်ခဲ့ပါတယ်။ ဒီယာအယ်လ်ဇောဒေသ တဝိုက်က အိုက်စစ်တပ်ဖွဲ့တွေကို အပြီးသတ် တိုက်ထုတ်နိုင်ရေးအတွက် ဆီးရီးယားစစ်တပ်နဲ့ မဟာမိတ်တွေဟာ စက်တင်ဘာ ၂၈ ရက်နေ့မှာ ဆိပ်ခံဘောတံတားတခု တည်ဆောက်ပြီး ယူဖရိတ်မြစ်ကို ဖြတ်ကူးခဲ့တဲ့ ဗွီဒီယိုကို အစိုးရ မီဒီယာက ထုတ်လွှင့်ခဲ့ပါတယ်။ ရုရှားလေတပ်အပါဝင် အီရန်ရဲ့ စစ်ရေးအကူအညီတွေနဲ့ ဒီယာအယ်လ်ဇောဒေသတွင်းက အိုက်စစ်တွေကို ပြီးခဲ့တဲ့လကစပြီး ဆီးရီးယားအစိုးရက တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ အိုက်စစ်တွေဟာ အဲဒီဒေသမှာ ခြေကုပ်ယူထားခဲ့တာ ၃ နှစ်ကျော်ပြီဖြစ်ပါတယ်။ အိုက်စစ်တွေက ပြန်လည်တိုက်ခိုက်လို့ ရှုံးနိမ့်ခဲ့ရတဲ့ ဒီယာအယ်လ်ဇောရဲ့ အနောက်တောင်ဘက်က ဒမတ်စကပ်ကိုသွားတဲ့ အဓိကလမ်းမတစ်လျှောက်ကိုလည်း ဆီးရီးယားစစ်တပ်က စက်တင်ဘာ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ အိုက်စစ် စစ်သွေးကြွတွေက ဒီယာအယ်လ်ဇောမြို့ အရှေ့တောင်ဘက်က သူတို့ရဲ့ အခြေစိုက်စခန်းရှိရာ အီရတ်နယ်စပ်ကနေ ပြန်လည်တိုက်ခိုက်ဖို့ ကြိုးစားနေတယ်လို့ ဆီးရီးယားစစ်တပ်က ပြောပါတယ်။
4 years Ago
Up