ရုပ်သံအစီအစဉ် သီချင်းနှင့်အတူ သီချင်းသီဆိုသည့် ခွေးကလေး (ရုပ်သံ)

January 7, 2016

ရုပ်သံအစီအစဉ် သီချင်းနှင့်အတူ သီချင်းသီဆိုသည့် ခွေးကလေး (ရုပ်သံ)

မိုင်လိုအမည်ရ ခွေးကလေးဟာ ဗြိတိန်အခြေစိုက် အိုင်တီဗွီရုပ်သံရဲ့ နန်းတက်လမ်း အစီအစဉ်သီချင်းနဲ့အတူ သီဆိုပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို သူ့ရဲ့သခင်က တွစ်တာ စာအင်တာနက် စာမျက်နှာပေါ်ကို တင်ခဲ့ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ခွေးကလေးဟာ သီချင်းအစမှ ဆုံးတဲ့တိုင်အောင် ရှည်လျား ကျယ်လောင်စွာ သီချင်းနဲ့အတူ သီဆိုဟန်ကို တွေ့ရပါတယ်။ ခွေးလေးရဲ့ပိုင်ရှင် အသက် ၂၃ နှစ်အရွယ် ရိုစီအက်ဒ်ဝုဒ်ဟာ အဲဒီရုပ်သံအစီအစဉ်ရဲ့ အမာခံပရိတ်သတ်တဦးဖြစ်ပြီး ငယ်စဉ်တည်းက ဒီအစီအစဉ်ကို ကြည့်ရှုလာခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။ တွစ်တာအင်တာနက်စာမျက်နှာပေါ်တင်ခဲ့တဲ့ အဲဒီရုပ်သံဗွီ ဗွီဒီယိုဖိုင်အညွှန်းမှာ ရိုစီက “#အချိန်တိုင်းအတွက် အိုင်တီဗွီကော်ရီ #နန်းတက်လမ်း #သီချင်းဆိုနေတဲ့ ခွေးကလေး #ရယ်မောပျော်ရွှင်စရာကောင်းသော”ဆိုပြီး ရေးခဲ့တာပါ။ နန်းတက်လမ်းအစီအစဉ်က “ဒါဟာ အံ့သြစရာကောင်းပါတယ်” လို့ မှတ်ချက်ရေး ခဲ့ပါတယ်။ ရိုစီက “ဒီသီချင်းသံကြားတိုင်း သူဟာ ခေါင်းထောင်ထလာပြီး အသံကျယ်ကျယ် နဲ့ ထအော်တော့တာပဲ။ စစချင်းတုန်းကတော့ သူ့အတွက် ဒီသီချင်းက အနှောင့်အ ယှက်ဖြစ်သေလို့လားလို့ ကျမထင်ခဲ့တာ။ ဒါပေမယ့် သူက သဘောကျပြီး လိုက်အူနေခဲ့ တာလေ။ သီချင်းဆုံးတော့ သူပြန်အိပ်သွားရော”လို့ ပြောပါတယ်။ “ကော်ရီရဲ့ သီချင်းနဲ့အတူ သီချင်းဆိုတတ်တဲ့ ခွေးကလေးတကောင်တလေများ ရှိလေမလားလို့ ကျမ သိချင်ပါရဲ့”လို့ သူက ဆက်ပြောပါတယ်။
6 years Ago
Up