(ရုပ်သံဟိုက်လိုက်)

February 17, 2018

ချဲလ်ဆီး ၄-၀ ဟူးလ်စီးတီး၊ လက်စတာ ၁-၀ ရှက်ဖီးလ် (ရုပ်သံဟိုက်လိုက်)

မ​နေ့ညက ယှဉ်​ပြိုင်​ကစားတဲ့ အက်​ဖ်​​အေဖလားပြိုင်​ပွဲမှာ ချဲလ်​ဆီးအသင်းဟာ ချန်​ပီယံရှစ်​ကလပ်​ ဟူးလ်​စီးတီးအသင်းကို ၄ ဂိုးပြတ်​နဲ့ အနိုင်​ရရှိခဲ့ပါတယ်​။ ဝီလျံရဲ့ သွင်းဂိုး ၂ ​ဂိုးအပါအဝင်​ ပက်​ဒရို၊ အာဆင်​နယ်​အသင်းက​နေ ​ပြောင်း​ရွှေ့လာခဲ့တဲ့ ဂီ​ရောဒ့်ဟာလည်း ချဲလ်​ဆီးအသင်းအတွက်​ ပထမဆုံးဂိုးကို သွင်းယူ​ပေးနိုင်​ခဲ့ပါတယ်​။ ဂီ​ရောဒ့်ဟာ ပထမ ပွဲထွက်​လူစာရင်းမှာ ပါဝင်​လာခဲ့တဲ့အပြင်​ ​ခြေစွမ်းပြကစားခဲ့ပြီး​တော့ ဂိုးဖန်​တီးမှု ၂ ကြိမ်​ထိ ပြုလုပ်​ခဲ့ပါတယ်​။ ပထမပိုင်းအတွင်း ၄ ဂိုးပြတ်​နဲ့ အနိုင်​ရခဲ့​တာဖြစ်ပြီး ဒုတိယပိုင်းမှာ ဂိုးထပ်​မံ မသွင်းယူနိုင်​​တော့ပါဘူး။ ဒီပွဲမှာ ဂိုးပြတ်​အနိုင်​ရခဲ့တဲ့ ချဲလ်​ဆီးအသင်းဟာ ​ဘောလုံးပိုင်​ဆိုင်​မှု ၆၄ ရာခိုင်​နှုန်းထိ ရှိခဲ့ပြီး​တော့ ဂိုး​ပေါက်​ကန်​သွင်းမှု ၁၅ ကြိမ်​ထိ ရှိခဲ့ပါတယ်​။ ချဲလ်​ဆီးအသင်းဟာ လာမယ့်ပွဲစဉ်​​တွေအဖြစ်​ ဘာစီလိုနာအသင်းနဲ့ ချန်​ပီယံလိဂ်​ပွဲစဉ်​၊ မန်​ချက်​စတာယူနိုက်​တက်​၊ ခရစ်​စတယ်​ပဲ​လေ့စ်အသင်းတို့နဲ့ ယှဉ်​ပြိုင်​ကစားဖို့ ရှိ​နေပါတယ်​။ အက်ဖ်အေဖလား တခြားပွဲစဉ်တခုမှာတော့ လက်စတာအသင်းက ရှက်ဖီးလ်ယူနှိုက်တက်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပြီး နောက်တဆင့်ကို တက်ရောက်သွားပါတယ်။ လက်စတာအသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ ဗာဒီက ပွဲချိန် ၆၆ မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။
3 years Ago

January 27, 2018

မန်ယူ ၄-၀ ရီအိုဗွီ၊ ဆန်းချက်ဇ် ပထမဆုံး ပါဝင်ကစား (ရုပ်သံဟိုက်လိုက်)

ဒီနေ့မနက်အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ အသင်းကြီး မန်ချက်စတာယူနိုက်တက်အသင်းက ရီအိုဗွီအသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိသွားပြီး နောက်တဆင့်ကို တက်ရောက်သွားပါတယ်။ ရီအိုဗွီအသင်းရဲ့ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတာဖြစ်ပြီး မန်ယူအသင်းမှာ အာဆင်နယ်အသင်းကနေ ၀ယ်ယူထားတဲ့ အလက် ဆန်းချက်ဇ် ပထမဆုံး ပါဝင်ကစားခဲ့ပါတယ်။ ဒီပွဲမှာ ဆန်းချက်ဇ် ဂိုးသွင်းယူနိုင်ခြင်းမရှိပေမယ့် အကောင်းဆုံး ဖန်တီးပေးပို့မှုတွေ ပြုလုပ်နိုင်ခဲ့တာ တွေ့ရပါတယ်။ မန်ယူအသင်းဟာ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရပေမယ့် ဘောလုံးပိုင်ဆိုင်မှာ တဖက်သတ် အသာစီးယူကစားနိုင်ခဲ့ပြီး အနိုင်ဂိုးတွေကိုတော့ ရပ်စ်ဖို့ဒ်၊ ဟာရဲယား၊ လင်ဂတ်နဲ့ လူကာကူတို့က သွင်းယူခဲ့တာဖြစ်ပါတယ်။
3 years Ago
More News
Up