ရုပ်သံထုတ်လွှင့်

December 17, 2016

မရဏစစ်ကွင်းအမည်ရ ဗြိတိန်မရိန်းတပ် စစ်ရေးလေ့ကျင့်မှု ရုပ်သံထုတ်လွှင့်(ရုပ်သံ)

ဒီစစ်ရေးလေ့ကျင့်မှု ရုပ်သံဗွီဒီယိုဖိုင်ဟာ ဗြိတိန်နိုင်ငံစစ်တပ်ရဲ့ ရှေ့တန်းစစ်မျက် နှာမတိုင်ခင် အတွေ့အကြုံတခုအနေနဲ့ လေ့ကျင့်နေကြတာဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်လွှင့်လိုက်တာပါ။ အင်္ဂလန်နိုင်ငံတောင်ပိုင်း၊ ဆဲလ်စ်ဘူရီကုန်းပြင်မြင့် မရဏစစ်ကွင်းလို့ အမည်ပေး ထားတဲ့ လေ့ကျင့်ရေးကွင်းပြင်ထဲမှာ တကယ့်ကို စစ်မြေပြင်တခုသဖွယ် ပြင်ဆင်ထားခဲ့ တာကို တွေ့ရမှာပါ။ ကွန်မန်ဒိုစစ်သားတွေအနေနဲ့ တကယ့်စစ်မြေပြင်အတိုင်း ခံစားရစေမှာဖြစ်ပြီး ကွင်းပြင်ပြင်ပကနေ ကြည့်ရှုနေကြတဲ့ စစ်သားတွေအနေနဲ့လည်း လက်တွေ့လေ့လာ သင်ယူနိုင်အောင် ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ စစ်သားတွေဟာ အီရတ်၊ ဒါမှမဟုတ် ဆီးရီးယားစတဲ့ နိုင်ငံတခုခုရဲ့ မြေပြင်စခန်းတခုတွင်းမှ အခန်းတခုကို ဖောက်စက်တွေနဲ့ ဖောက်ထွင်း တိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြတာကို တွေ့ရမှာပါ။ ဆဲလ်စ်ဘူရီကုန်းပြင်မြင့် မရဏစစ်ရေးလေ့ကျင့်ကွင်းပြင်ဟာ ဟက်တာ ၃၈၀၀၀ ကျယ်ဝန်းပြီး တကယ့်ကို စစ်မြေပြင်တခုအတိုင်းလေ့ကျင့်နိုင်မယ့် ကွင်းပြင်တခုဖြစ်တယ်လို့ မေရာသတင်းမှာ ဒီဇင် ဘာလ ၁၅ ရက်နေ့က ဖော်ပြပါတယ်။ စစ်ရေးလေ့ကျင့်မှုမှာပါဝင်ခဲ့တဲ့ ကွန်မန်ဒို ၄၀ တော်ဝင်မရိမ်းတပ်မှ တပ်ကြပ်တဦး ဖြစ်တဲ့ မစ်ချဲလ်က “လက်ရှိသင်ကြားရေးကွင်းပြင်တွင်း လေ့ကျင့်မှုတွေဟာ တကယ့် တိုက်ခိုက်မှုမှာ အကျိုးကျေးဇူးအများကြီးရစေပါတယ်”လို့ ပြောပါတယ်။
5 years Ago
Up