ရုပ်သံတင်ဆက်သူ

May 31, 2018

ထရမ့်နှင့် နာမည်ကြီး ရုပ်သံတင်ဆက်သူ တွေ့ဆုံ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မေလ ၃၀ ရက်နေ့က နာမည်ကြီး ရုပ်သံတင်ဆက်သူ ကင်မ်ကာဒက်ရှန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ သမ္မတ ထရမ့်နဲ့ ရုပ်သံတင်ဆက်သူ ကာဒက်ရှန်တို့ဟာ အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးနဲ့ ပြစ်ဒဏ်တွေနဲ့ပတ်သက်လို့ ဆွေးနွေးကြတာဖြစ်ပါတယ်။ အဲဒီလိုဆွေးနွေးရာမှာ  မူးယစ်ဆေးမှုနဲ့ ထောင်ဒဏ်တစ်သက်တကျွန်း ပြစ်ဒဏ်ကျခံနေရတဲ့ အသက် ၆၃ နှစ်အရွယ် အမျိုးသမီး အဲလစ်မယ်ရီဂျွန်ဆင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ကာဒက်ရှန်က သမ္မတထရမ့်ကို တောင်းဆိုခဲ့ပါတယ်။ ကာဒက်ရှန်ဟာ သရုပ်ဆောင်နဲ့ မော်ဒယ်တဦးလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ကာဒက်ရှန်ဟာ ဟီလာရီကလင်တန်ကို ထောက်ခံ ခဲ့သူဖြစ်ပြီး သူရဲ့ခင်ပွန်းကတော့ ထရမ့်ကို ထောက်ခံသူ ဖြစ်ပါတယ်။
3 years Ago
Up