ရုပ်သံစတူဒီယိုခန်းတွင်း လမ်းလျှောက်ခဲ့သည့် တစ္ဆေကို စီစီတီဗွီ ကင်မရာတွင် ဖမ်းမိ

A d v e r t i s e m e n t With Us

August 16, 2016

ရုပ်သံစတူဒီယိုခန်းတွင်း လမ်းလျှောက်ခဲ့သည့် တစ္ဆေကို စီစီတီဗွီ ကင်မရာတွင် ဖမ်းမိ (ရုပ်သံ)

အမေရိကန်နိုင်ငံ၊ ကိုလံဘီယာပြည်နယ်မှ ရုပ်သံစတူဒီယိုခန်းအတွင်းမှာ လမ်းလျှောက်နေတဲ့ တစ္ဆေတကောင်ရဲ့ ပုံရိပ်တွေကို လျှို့ဝှက်တပ်ဆင်ထားတဲ့ စီစီတီဗွီ ကင်မရာမှတဆင့် ဖမ်းယူရရှိခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ကာရာကောလ်ရုပ်သံသတင်းဌာနရဲ့ စတူဒီယိုခန်းအတွင်းမှာ ညသန်းခေါင်အချိန် ဖြစ်ခဲ့တာလို့ မေရာသတင်းမှာ သြဂုတ် ၁၅ ရက်နေ့က ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ လုံခြုံရေးတာဝန်ကျ ၀န်ထမ်းတဦး စတူဒီယိုလျှောက်လမ်း စင်္ကြန်ကို ဖြတ်ပြီး လမ်းလျှောက်ကင်းလှည့်နေခဲ့ပုံကို တွေ့ရပါတယ်။ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတွေကတော့ အဲဒီအခန်းထဲက ထူးဆန်းတဲ့ ဆူဆူညံညံ အသံတွေကို ကြားရလေ့ရှိပြီး နေရာအနှံ့ ခုလိုပုံရိပ်တွေကိုလည်း တွေ့ရလေ့ရှိတယ်လို့ ဆိုပါတယ်။ ယူကျု အင်တာနက်စာမျက်နှာပေါ်မှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ၀င်ရောက်ကြည့်ရှုတဲ့ အကြိမ်ရေ ၁၈,၂၀၀ ထက်မနည်း ရှိခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ပါဝင်သူကိုတော့ ဘယ်သူဘယ်ဝါရယ်လို့ ၀န်ခံထားတာ မရှိခဲ့ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up