(ရုပ်သံ)

September 16, 2017

ဂျိုလီ ရိုက်ကူးသည့် First They Killed My Father (ရုပ်သံ)

ကမ္ဘာကျော် ဟောလိဝုဒ်မင်းသမီး အန်ဂျလီနာဂျိုးလီ ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ "First They Killed My Father” ဆိုတဲ့ ရုပ်ရှင်ကို နယူးယောက်မြို့မှာ စက်တင်ဘာ ၁၄ ရက်က အကြိုပြသခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ ကမ္ဘောဒီးယားစာရေးဆရာ လောင်းအန်း ရေးသားထားတဲ့  "First They Killed My Father” ဆိုတဲ့ သူရဲ့ ဘဝအမှတ်ရချက်တွေအကြောင်းကို  အခြေခံရိုက်ကူးထားတာပါ။ မူရင်းစာအုပ်ဟာ ၁၉၇၀ ကျော်ကာလတွေတုန်းက ကမ္ဘောဒီးယားနိုင်ငံမှာ ပိုပေါ့ ခေါင်းဆောင်တဲ့ ခမာနီတွေစိုးမိုးစဉ် လူ ၁ သန်းကျော်သေဆုံးခဲ့ရတဲ့ အခြေအနေတွေကို နောက်ခံထား ရေးသားထားတာဖြစ်ပါတယ်။ “ကျမ လွန်ခဲ့တဲ့ ၁၆ နှစ်က ကမ္ဘောဒီးယားကိုသွားတုန်း၊ ဟိုလည်းရောက်ရော “သြော် ငါကမ္ဘာ့နိုင်ငံရေးအကြောင်း ဘာမှမသိပါလားဆိုပြီး ကိုယ်ကိုယ်ကိုယ် သဘောပေါက်သွားတယ်။ ကျမက ဒီနိုင်ငံအကြောင်း၊ ဒီမှာ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို နည်းနည်းပဲသိခဲ့တာ။ အဲဒီလို သဘောပေါက်သွားပြီးတော့ ကျမကိုယ်ကျမ ပညာပေးဖို့ ဆုံးဖြတ်ခဲတာပါ” လို့ အင်ဂျလီနာဂျိုးလီက ပြောကြားသွားတာပါ။ “အံ့ဖွယ်လူသားတွေ၊ ကြီးကျယ်တဲ့ အနုပညာရှင်တွေရှိတဲ့နေရာပါ။ ကိုယ့်အိမ်လိုပဲ ခံစားခဲ့ရပါတယ်။ ကျမစိတ်ထဲ အလိုလိုခံစားပြီး သိလိုက်တာက ကျမသား အဲဒီမှာ ရှိတယ်ဆိုတာပါပဲ။ ဒီလိုနဲ့ ကျမလည်း အမေဖြစ်လာတော့တာပါပဲ။ ဘာလို့လဲဆိုရင် ကျမချစ်လို့၊ ရင်းနှီးဆက်နွယ်မှုရှိတယ်လို့လည်း ခံစားရလို့ပါ။  ကမ္ဘောဒီယားအတွက် ကျမလုပ်ပေးစရာ အကြွေးတွေ အများကြီး တင်နေပါတယ်။” လို့ အင်ဂျလီနာဂျိုးလီက ပြောကြားသွားတာဖြစ်ပါတယ်။ အင်ဂျလီနာဂျိုးလီဟာ ကမ္ဘောဒီးယားနိုင်ငံနဲ့ ထူးခြားတဲ့ ဆက်နွယ်မှုရှိသူဖြစ်ပါတယ်။ သူရဲ့ Tomb Raider ပထမဆုံးရုပ်ရှင်ကားကို ကမ္ဘောဒီးယားမှာ ရိုက်ကူးခဲ့တာဖြစ်သလို၊ မွေးစားသား မတ်ဒေါ့စ်ဟာလည်း ကမ္ဘောဒီးယား လူမျိုးဖြစ်ပါတယ်။ နောက်ပြီး  ဂျိုလီ-ဘရပ်ပစ် ဖောင်ဒေရှင်းလုပ်ငန်းတွေကြောင့် ၂၀၀၅ ခုနှစ်မှာ ကမ္ဘောဒီးယား နိုင်ငံသား ခံယူခွင့် ရရှိခဲ့တာလည်းဖြစ်ပါတယ်။
4 years Ago

May 31, 2017

အာဖဂန်နစ္စတန်တွင် ဗုံးကွဲမှုကြောင့် ၈၀ ခန့် သေဆုံး၊ ရာချီ ဒဏ်ရာရ (ရုပ်သံ)

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးမြို့က သံတမန်ရပ်ကွက်မှာ ဒီကနေ့ အင်အားပြင်းတဲ့ ကားဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၈၀ လောက်သေဆုံးပြီး ၃၅၀ လောက်ဒဏ်ရာရသွားပါတယ်။ ဂျာမန်သံရုံးအနီး ဇန်ဘတ်ရင်ပြင်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးဒဏ်ရာရသူ အများစုဟာ အရပ်သားတွေဖြစ်ဖွယ်ရှိတယ်လို့ ဘီဘီစီ ကမ္ဘာ့သတင်းမှာဖော်ပြပါတယ်။ ပေါက်ကွဲမှု ပမာဏကြီးမားလို့ လူအတော်များများ သေဆုံးပြီး ဒဏ်ရာရသူ များတယ်လို့ အရာရှိတွေက ပြောပါတယ်။ ပေါက်ကွဲမှု ဖြစ်တဲ့နေရာက သံရုံးတွေ အစိုးရရုံးတွေ ရှိတဲ့နေရာဖြစ်ပြီး ဘယ်နေရာကို ပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ရဲတွေက ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် ဖြစ်တဲ့နေရာနဲ့ မီတာရာချီ ဝေးတဲ့နေရာက အိမ်တွေမှာလည်း ပြတင်းပေါက်မှန်တွေကွဲ၊  တံခါးတွေ ပွင့်ထွက်ပျက်စီးခဲ့ပါတယ်။  ဒီဗုံးခွဲမှုဟာ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်လဲဆိုတာကိုတော့ လတ်တလော မသိရသေးပါဘူး။
4 years Ago
Up