ရုပ်ရှင်ရိုက်ကူးရေးတွင် အသုံးပြုသည့် ခြင်္သေ့ တိုက်ခိုက်မှုကြောင့် ထိန်းကျောင်းသူ ၂ ဦး ဒဏ်ရာရ

January 24, 2017

ရုပ်ရှင်ရိုက်ကူးရေးတွင် အသုံးပြုသည့် ခြင်္သေ့ တိုက်ခိုက်မှုကြောင့် ထိန်းကျောင်းသူ ၂ ဦး ဒဏ်ရာရ

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ရုပ်မြင်သံကြားနဲ့ ရုပ်ရှင်ရိုက်ကူးရေး လုပ်ငန်းတွေမှာ အသုံးပြုတဲ့ ခြင်္သေ့တကောင်ရဲ့ တိုက်ခိုက်မှုကြောင့် သူ့ကို ထိန်းကျောင်းသူ ၂ ဦး ဇန်နဝါရီ ၂၃ ရက်နေ့က ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူ ၂ ဦးကတော့ လူလတ်ပိုင်းအရွယ် အမျိုးသမီး ၁ ဦးနဲ့ အသက် ၂၀ ကျော်အရွယ် လူငယ် ၁ ဦးတို့ဖြစ်ကြောင်း ဒေသခံမီဒီယာတွေက သတင်းထုတ်ပြန်ပါတယ်။ အဲဒီခြင်္သေ့ဟာ ၁၀ နှစ်သားအရွယ်ရှိပြီး ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား ရိုက်ကူးရေးတွေအတွက် Shonan Animal Production က မွေးမြူထားတာဖြစ်ပြီး ပုံမှန်အားဖြင့် လှောင်အိမ်ထဲမှာ သံကြိုးနဲ့ ချည်နှောင်ထားလေ့ ရှိပါတယ်။ ဇန်နဝါရီ ၂၃ ရက်နေ့ကတော့ ကြိုတင်ချိန်းဆိုထားတဲ့ ရိုက်ကူးမှု ၃ ခုအတွက် သူ့ကိုထိန်းကျောင်းတဲ့ အလုပ်သမား ၃ ဦးက ရေချိုးပေးနေစဉ် ရုတ်တရက် ရန်လိုလာပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီ့အတွက် အလုပ်သမား ၂ ဦးရဲ့ မျက်နှာနဲ့ ခြေလက်တွေမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ကြောင်း တိုကျိုကလာတဲ့ ရိုက်တာသတင်းအရ သိရပါတယ်။
5 years Ago
Up