ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ

February 7, 2019

ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ (ရုပ်သံ)

ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေ အတွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ Horror Thriller အမျိုးအစား ရုပ်ရှင် - The Prodigy ! ဒီကားကိုတော့ အမေရိကန် ရုပ်ရှင်ပွဲတော် Orion Pictures က တင်ဆက်လိုက် တာဖြစ်ပြီး ဒါရိုက်တာ Nicholas McCarthy က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါ တယ်။ Miles ဆိုတဲ့ ကောင်လေးဟာ မွေးကတည်းက ဥာဏ်ရည်ထက်မြက်ပြီး ရိုးအေး တဲ့ ကလေးတယောက်ဖြစ်တယ်။ မွေးရာပါ မျက်လုံးတွေကလည်း တဖက်ကို တရောင်စီ နဲ့ ဖြစ်နေခဲ့တဲ့ Miles ဟာ အရွယ်ရောက်လာပြီး မူမမှန်တဲ့ ဆိုးသွမ်းရက်စက်တဲ့ အပြုအ မူတွေ ဖြစ်လာခဲ့ချိန်မှာတော့ ဒါဟာ ဘာကြောင့်ဖြစ်နိုင်မလဲ။ စိတ်ကုဆရာဝန်ကတော့ Miles ဟာ တယောက်ယောက်က လူဝင်စားအနေနဲ့ ၀င်စားတာဖြစ်ပြီး အဲဒီလူရဲ့ ရက် စက်တဲ့ အကျင့်စရိုက်တွေ၊ ဆိုးဝါးတဲ့ လက္ခဏာတွေ ပြလာတဲ့အခါ ဘာတွေဆက်ဖြစ်ကြ မလဲ၊ မိခင်ဖြစ်တဲ့သူကရော ထိန်းချုပ်နိုင်ပါ့မလား၊ ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာတွေ ကို ဒီကားထဲမှာ ရှုစားကြရမှာပါ။ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မ သင့်တော်တာမို့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ဒီကားထဲက အဓိကသရုပ်ဆောင် Miles နေရာမှာတော့ ဟောလိဝုဒ်ကလေးသ ရုပ်ဆောင် Jackson Robert Scott က ပါဝင်ထားပြီး တခြားသရုပ်ဆောင် မင်းသားမင်း သမီးတွေ ဖြစ်ကြတဲ့ Taylor Schilling ၊ Colm Feore နဲ့ Brittany Allen တို့ကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၀၁ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ရုံတင်ပြသမယ့် ပထမ သီတင်း ပတ်မှာတင် ၀င်ငွေ အမေရိကန်ဒေါ်လာ ၅ သန်းကနေ ၆ သန်းကြား ရရှိနိုင်မယ်လို့ ခန့် မှန်းထားတာပါ။ ဒီကားကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ မြန်မာပရိသတ်အ ချစ်တော် သရုပ်ဆောင်မင်းသား ဂျက်ကီချန်းပါဝင်သရုပ်ဆောင်ထားတဲ့ The Knight of Shadows: Between Yin and Yang ! ကြမ်းကြမ်းရမ်းရမ်း Action Adventure Comedy Fantasy အမျိုးအစား ရုပ်ရှင် ကားတကားဖြစ်တဲ့ ဒီကားကိုတော့ ဒါရိုက်တာ Yan Jia က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ရှေးခေတ်ဒဏ္ဍာရီဆန်ဆန် ရိုက်ကူးပုံဖော်ထားတဲ့ ဒီကားထဲမှာတော့ ဂျက်ကီချန်း ကို ပုံစံတမျိုးနဲ့ ပရိသတ်တွေက ရှုစားကြရမှာပါ။ သူက မကောင်းဆိုးဝါး မိစ္ဆာတွေကို နှိမ် နင်းမယ့် ဒဏ္ဍာရီသူရဲကောင်းတယောက်အနေနဲ့ ဒီကားထဲမှာ ပါဝင်သရုပ်ဆောင်ထားခဲ့ တာပါ။ မှော်ဆန်တဲ့ ဇာတ်ဝင်ခန်းတွေ၊ အထူးပြုလုပ်ချက်တွေနဲ့ ရှုစားကြရမယ့် ဒီရုပ်ရှင် ကားကို ဂျက်ကီချန်းရဲ့ အမိုက်စား အက်ရှင်တွေနဲ့ ဘယ်လိုရိုက်ကူးပုံဖော်ထားမလဲဆို တာကိုတော့ ပရိသတ်တွေက မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဟောင်ကောင်အက်ရှင်မင်းသားကြီး ဂျက်ကီချန်းနဲ့အတူ တ ခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ Elane Zhong ၊ Ethan Juan ၊ Peng Lin တို့ကလည်း အတွဲညီညီ ပါဝင်သရုပ်ဆောင်ထားခဲ့ကြတာပါ။ တရုတ်၊ အင်္ဂလိပ် ၂ ဘာသာ စာတမ်းထိုး ရုပ်ရှင်ကားတကား အနေနဲ့ ကြည့်ရှုကြ ရမယ့် ဒီရုပ်ရှင်ကားကိုတော့ ဖေဖော်ဝါရီလ ၅ ရက်နေ့ကစ ရုံတင်ပြသနေတာ ဖြစ်ပါ တယ်။ မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ထူးထူးခြားခြား မြန်မာရုပ်ရှင်ကားတကားဖြစ်တဲ့ လိပ်ပြာစံအိမ် ! ဒီကားကိုတော့ Brave Empire Entertainment က တင်ဆက်လိုက်တာဖြစ်ပြီး မြန်မာပရိသတ်ကြား နာမည်ကြီးခဲ့တဲ့ From Bangkok to Mandalay ရုပ်ရှင်ကားကို ရိုက်ကူးခဲ့တဲ့ ထိုင်းရုပ်ရှင်ဒါရိုက်တာ ChaartChai Ketnust က ရိုက်ကူးပုံဖော်ပေးထား တာ ဖြစ်ပါတယ်။ ရိုးရာနတ်ကိုးကွယ်ယုံကြည်မှုနဲ့ ၀ိညာဉ်လောကကြား ဆက်နွယ်မှုတွေကို ပုံဖော် ဖန်တီးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ အားပြိုင်မှုတွေကို ပရိသတ်တွေက သွေးပျက် ထိတ်လန့်စရာ မြင်ကွင်းတွေ၊ ပုံဖော်ဖန်တီးမှုတွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ခြောက် ခြားစရာကောင်းတဲ့ ဒီလိပ်ပြာစံအိမ်ထဲမှာ ဘယ်လိုဝမ်းနည်းကြေကွဲစရာကောင်းတဲ့ အ ဖြစ်အပျက်တွေ ရှိနေခဲ့သလဲ။ ဒါတွေကို ပရိသတ်တွေက မကြာခင်မှာ ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ပရိသတ်ကြိုက် သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြ တဲ့ နိုင်းနိုင်း၊ ဒေါင်း၊ ၀တ်မှုန်ရွှေရည်တို့နဲ့အတူ ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့က အ ဓိက ဇာတ်ကောင်တွေနေရာမှာ ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ထွက်မလာခင်ကတည်းက နာမည်ကြီးနေခဲ့တဲ့ ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ် ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အ ကြိမ်ရေ ၂ သန်းနီးပါး ရှိနေခဲ့တာပါ။ ဒီကားကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။ မူဗီခရေဇီတွေကို ဒီတခါမိတ်ဆက်ပြောပြပေးမယ့် ရုပ်ရှင်ကားကတော့ ထူးထူး ခြားခြား Animation Action Adventure ရုပ်ရှင်ကားတကားဖြစ်တဲ့ The Lego Movie 2: The Second Part ! ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီ Warner Bros. က တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Mike Mitchell က ရိုက်ကူးပုံ ဖော်ပေးထားတာ ဖြစ်ပါတယ်။ Lego လို့ ကြားလိုက်တာနဲ့ ပရိသတ်တွေက ရောင်စုံပလတ်စတစ်တုံးလေးတွေနဲ့ ဆက်ပြီး ကစားရတဲ့ အရုပ်ကလေးတွေကို မြင်ယောင်မိကြမှာပါ။ ၂၀၁၄ ခုနှစ်မှာ အဲဒီအ ရုပ်တုံးကလေးတွေကို Animation အထူးပြုလုပ်ချက်တွေ အသုံးပြုပြီး ပထမဆုံး ရုပ်ရှင် အဖြစ် ရိုက်ကူးခဲ့ချိန်မှာလည်း ပရိသတ်အားပေးမှုတွေ ရရှိခဲ့ပြီး အောင်မြင်မှုရရှိခဲ့ပါတယ်။ အဲဒီနောက်မှာလည်း The Lego Batman ၊ The Lego Ninjago စတဲ့ ရုပ်ရှင်တွေ လည်း ထွက်ရှိခဲ့ပြီး ခုထွက်ရှိလာတဲ့ The Lego 2 ကတော့ ၅ နှစ်အကြာမှာ ထပ်ပြီး ထွက်လာခဲ့တာပါ။ ဒီကားထဲမှာတော့ ဘယ်လိုစွန့်စားတိုက်ခိုက်မှုတွေနဲ့ ပုံဖော်ဖန်တီး ထားမလဲ ဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Chris Pratt ၊ Elizabeth Banks ၊ Will Arnett ၊ Tiffany Haddish တို့နဲ့အတူ တခြားဟောလိဝုဒ်သ ရုပ်ဆောင်တွေ အများကြီးက အသံနဲ့ ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြော စကား Dialog တွေဟာ ကလေးတွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူခွင့် ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၁၀၇ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၈ ရက် နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ပေါ့ ပေါ့ပါးပါး မြန်မာဟာသရုပ်ရှင် ပရိသတ်အကြိုက် ဂျင်းကောင် ! ဒီကားကိုတော့ လာဗင်ဒါရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဇာတ်လမ်းနဲ့ ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဂျင်းကောင်လို့ ပြောလိုက်တာနဲ့ ပရိသတ်တွေက သရုပ်ဆောင်မင်းသား မြင့်မြတ် ကို ပြေးမြင်မိကြမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ သူ့ရဲ့ ထုံးစံအတိုင်း ဘယ်လိုအလွဲ အချော်တွေ၊ ဟာသဆန်ဆန် ရိုက်ချက်တွေနဲ့ သရုပ်ဆောင်ထားမလဲဆိုတာတွေကို ပရိသတ်တွေက မကြာခင်မှာ ရှုစားကြရမှာပါ။ ဒီကားထဲမှာတော့ မြင့်မြတ်နဲ့အတူ သရုပ်ဆောင်မင်းသမီးတွေ ဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ အိချောပို၊ အေးဝတ်ရည်သောင်းတို့က ခေါင်းဆောင်ပါဝင်ထားပြီး တခြား သရုပ်ဆောင်တွေလည်း အများကြီး အားဖြည့်သရုပ်ဆောင်ထားကြပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ဖေဖော်ဝါရီလ ၆ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရုပ်ရှင် Trailer ဟာလည်း ဖေ့စ်ဘွတ်ခ်အင်တာ နက်စာမျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းနီးပါး ရှိနေခဲ့ပါတယ်။ ဒီကားကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၃၀ နာရီမှာ ထုတ်လွှင့် ပြသနေတာဖြစ်ပါတယ်။ ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉.၃၀ နာ ရီ၊ စနေနေ့ နေ့လည် ၁၂.၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉.၁၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီး တော့ အားပေးနိုင်ပါတယ်။
2 years Ago
Up